စမတ်ဖုန်း ထုတ်လုပ်သူ  Xiaomi ပထမဆုံး လျှပ်စစ်ကား အကြောင်းစုံ သိရ


 စမတ်ဖုန်း ထုတ်လုပ်သူ  Xiaomi ပထမဆုံး လျှပ်စစ်ကား အကြောင်းစုံ သိရ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

စမတ်ဖုန်းထုတ်လုပ်သူ Xiaomi သည် တရုတ်နိုင်ငံတွင် ၎င်းတို့၏ ပထမဆုံး အီးဗီ ဖြစ်သည့် Xiaomi SU7 ဆီဒင်အတွက် အရောင်းလိုင်စင်လျှောက်ထားခဲ့သည်။
ပူးတွဲတင်ပြရသည့် စာရွက်စာတမ်းများတွင် အချက်အလက်များ စုံစုံလင်လင် ဖော်ပြပေးရသဖြင့် Xiaomi ပထမဆုံး လျှပ်စစ်ကား အကြောင်းစုံ သိခွင့် ရရှိခဲ့ကြသည်။
SU7 ဆီဒင်သည် codename MS11 ဖြင့် စမ်းသပ်ခဲ့သည့် မော်ဒယ် ဖြစ်ပါသည်။

 


Xiaomi က ပထမဆုံး လျှပ်စစ်ကားကို ကုမ္ပဏီပိုင် ကားစက်ရုံတွင် ထုတ်လုပ်ခြင်း မပြုဘဲ ကန်ထရိုက် အပ်နှံပြီး ထုတ်လုပ်မည်။
Beijing Automotive Industry Holding Co. Ltd (BAIC) က ကန်ထရိုက် ရယူပြီး ထုတ်လုပ်ပေးမည်။

 


တရုတ်နိုင်ငံတွင် ကားမော်ဒယ် အသစ်တိုင်းသည် စျေးကွက်မတင်မီ သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အတည်ပြုချက် ရယူရမည်ဖြစ်ပါသည်။ ထို့အတွက် စာရွက်စာတမ်း အပြည့်အစုံဖြင့် လျှောက်ထားရသည်။ ၎င်းစာရွက်စာတမ်းများကို စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန Ministry of Industry and Information Technology (MIIT) က မပျက်မကွက် ထုတ်ဝေပေးပါသည်။ 
အတည်ပြု ခွင့်ပြုမိန့် လျှောက်ထားသည့် ကားများကို လစဉ် စာရင်းထုတ်ပြန်ပေးသည်။

ထိုလုပ်ဆောင်ချက်သည် ကားဓာတ်ပုံများ၊ အချက်အလက်များ အချိန်မတန်သေးခင်မှာ လူသိရှင်ကြား ဖြစ်သဖြင့် ကားထုတ်လုပ်သူများက မနှစ်မြို့ကြပါ။ မီဒီယာသမားများက ကြိုသိခွင့် ရသဖြင့် နှစ်ခြိုက်ကြပါသည်။

 

Xiaomi SU7 ကို ဗားရှင်း ၃ မျိုးဖြင့် ထုတ်လုပ်မည် ဖြစ်ပြီး စမတ်ဖုန်းစီးရီးများတွင် အမည်ပေးလေ့ပေးထ ရှိသည့်အတိုင်း ခေါ်ဝေါ်ထားပါသည်။ ယင်းဗားရှင်း ၃ မျိုးမှာ SU7, SU7 Pro နှင့် SU7 Max တို့ ဖြစ်ပါသည်။ 

လျှပ်စစ်ဆီဒင် Xiaomi SU7  ကိုယ်ထည် အရွယ်အစားမှာ
အလျား 4997 mm
အကျယ် 1963 mm
အမြင့် 1455 mm
ခါးအလျား 3000 mm
ဖြစ်ပါသည်။

 

ဘီးခွေ အရွယ်အစား ၂ မျိုး ထုတ်လုပ်ပါသည်။ ဘီးခွေ အရွယ်အစားနှင့်  တာယာသတ်မှတ်ချက်မှာ  ၁၉" (245/45 R19) နှင့် ၂၀" (245/40 R20)တို့ ဖြစ်ပါသည်။

ရှေ့လေကာမှန်တွင် Lidar တပ်ထားသည့် ဗားရှင်းနှင့် Lidar တပ်ဆင်ထားခြင်း မရှိသည့် ဗားရှင်း မူကွဲ ၂ မျိုး ထုတ်လုပ်ပါသည်။

ရှေ့နှင့်နောက် တံခါးပေါက် နှစ်ခုကြားမှ တိုင် B pillar တွင် ကင်မရာပါသည် ထောက်ရှု၍ စမတ်ဖုန်းများတွင် သုံးစွဲသည့် မျက်နှာမှတ်မိသိရှိခြင်း face recognition ဖြင့် ဖုန်းကို unlock လုပ်ပေးသည့် နည်းတူ ကားတံခါးကို အလိုအလျောက် unlock လုပ်ပေးသည့်စနစ် သုံးစွဲထားသည်ဟု ယူဆကြရပါသည်။

 

နောက်ဘီးယက် RWD ဗားရှင်းတွင် 220 kW မော်တာ သုံးထားသည်။ ‌၄ ဘီးယက် AWD တွင် 220 kW မော်တာ + 275 kW မော်တာ သုံးထားသဖြင့် စုစုပေါင်း ပါဝါမှာ 495 kW ဖြစ်ပါသည်။

ဈေးသက်သာသည့် ဗားရှင်းတွင် BYD ၏ LFP Blade ဘက်ထရီထုပ် သုံးထားပါသည်။ 
ဈေးအမြင့် ဗားရှင်းတွင် CATL ၏ NMC ဘက်ထရီ သုံးထားပါသည်။
ဈေးသက်သာသည့် ဗားရှင်းတွင် ယာဉ်အလေးချိန် 1,980 kg ရှိပြီး အမြန်ဆုံး အမြန်နှုန်း 210 km/h ဖြစ်ပါသည်။

ဈေးအမြင့်တန်း ဗားရှင်းတွင် ယာဉ်အလေးချိန် 2,205 kg ရှိပြီး အမြန်ဆုံး အမြန်နှုန်း 265 km/h ဖြစ်ပါသည်။

Xiaomi SU7 ယာဉ်အတွင်း အရောင် ရွေးစရာ အရောင် ၂ မျိုး ရှိမည်ဖြစ်ပြီး ရှေ့လေကာမှန်တွင် lidar တပ်မတပ်ကိုလည်း ရွေးချယ်နိုင်မည် ဖြစ်သည်။
SU7 ကားစနစ်တွင်  Xiaomi ၏ HyperOS သုံးစွဲထားသည်။  

လူအတက်အဆင်း တံခါး ၄ ပေါက်ပါ ၅ ယောက်စီး SU7 ဆီဒင်ကို ၂၀၂၃ ဒီဇင်ဘာလတွင် အမြောက်အမြား စတင်ထုတ်လုပ်မည်။
၂၀၂၄ ဖေဖော်ဝါရီလတွင် မှာကြားထားသူများထံ ကားအပ်နှံခြင်း စတင်မည်။ 

ပေကျင်းမြို့မှ BAIC ၏ စက်ရုံတွင် SU7 အစမ်းထုတ်လုပ်မှု လုပ်ဆောင်နေပြီ ဖြစ်သည်။ 


BAIC သည် Mercedes-Benz ကားများကို တရုတ်ပြည်အတွက် ထုတ်လုပ်ပေးနေသည့် ကုမ္ပဏီ ဖြစ်ပါသည်။ 

BAIC နှင့် Mercedes-Benz တို့သည် ၂၀၀၅ ခုနှစ်တွင် Beijing-Benz ဖက်စပ်လုပ်ငန်း စတင်ထူခောင်ခဲ့ကြပြီး BAIC က ၅၁% ပိုင်ဆိုင်သည်။ 
Mercedes-Benz တွင် BAIC က ရှယ်ယာ ၁၀% ပိုင်ဆိုင်ပါသည်။ 

 

Xiaomi က လွန်ခဲ့သည့် နှစ်နှစ်ခွဲ ၂၀၂၁ မတ်လတွင် အီးဗီ ထုတ်လုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ယွမ် ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၁.၄ ဘီလီယံ) ရင်းနှီး မြှုပ်နှံပါသည်။ 
၂၀၂၃ ဩဂုတ်လတွင် ကုမ္ပဏီ ဝဘ်ဆိုက် XiaomiEV.com စတင်ခဲ့ပါသည်။

Source carnewschina
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1250 times