Xiaomi SU7 အရောင်းပြခန်းများသို့ စတင်ရောက်ရှိ


Xiaomi SU7 အရောင်းပြခန်းများသို့ စတင်ရောက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ပေကျင်းမြို့တော်မှ Xioami ရုံးချုပ် စတိုးဆိုင်တွင် SU7 ကို စတင်ပြသထားပါသည်။


Xiaomi SU7 လျှပ်စစ်ဆလွန်းကို ကြာသပတေးနေ့ (ဒီဇင်ဘာ ၂၈)တွင် တရားဝင်ကြေညာခဲ့သည်ကို Automobile Guide တွင် တင်ပြခဲ့ပါသည်။


 Xiaomi ပထမဆုံး အီးဗီ Xiaomi SU7 တရားဝင် ပွဲထုတ်ပြသ
https://www.automobiledirectory.com.mm/article/xiaomi-xiaomi-su7.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


SU7 ရှင်းလင်းတင်ပြပြီးနောက် ၂၄ နာရီအတွင်းမှာ Xiaomi စတိုးတွင် စတင်ပြသလိုက်ခြင်း ဖြစ်ပါသည်။ 

အလုံးအရင်းဖြင့် ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ် ပထမနစ်ဝက်တွင် စတင်မည် ဖြစ်သည်။ 

 တရုတ်နိုင်ငံတွင် Xiaomi စတိုးဆိုင်များ ရှိသော်လည်း အချို့မှာ မြေညီထပ်တွင် မဟုတ်သဖြင့် ကား ပြသဖို့ မဖြစ်နိုင်ပေ။ အချို့ စတိုးဆိုင်များမှာ နေရာကျဉ်းသဖြင့် ကားထားဖို့ နေရာ မရှိချေ။ သို့ဖြစ်ရာ ကားများ ပြသဖို့ အဆင်ပြေမည့် စတိုးဆိုင်များတွင်သာ ပြသသွားမည် ဖြစ်သည်။ 

SU7 ကို အရောင် ၃ မျိုးဖြင့် ထုတ်လုပ်ပါသည်။
Aqua Blue, Mineral Gray,  Verdant Green တို့ ဖြစ်ပါသည်။
စမတ်ဖုန်း၊ စမတ်လက်ပတ်နာရီ အစရှိသည်တို့ကိုလည်း ၎င်းအရောင်တို့ဖြင့် ထုတ်လုပ်ရောင်းချပါသည်။


SU7 ကို Xiaomi မှ ထုတ်လုပ်သည့် စမတ်ဖုန်း၊ Mi Pad အစရှိသည့်တို့နှင့် ချိတ်ဆက်နိုင်မည် ဖြစ်သည့်အပြင် iPhone, iPad တို့ဖြစ်လည်း ချိတ်ဆက်နိုင်ပါသည်။ 

 

Source carnewschina 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 653 times