Xiaomi ကားထုတ်လုပ်ခွင့် လိုင်စင်မကျသဖြင့် BAIC နှင့်ပူးပေါင်းရန် ဆွေးနွေး


Xiaomi ကားထုတ်လုပ်ခွင့် လိုင်စင်မကျသဖြင့် BAIC နှင့်ပူးပေါင်းရန် ဆွေးနွေး

 

Xiaomi Corporation သည် ၂၀၂၁ ဈခုနှစ်တွင် မှတ်ပုံတင်ထားသော Xiaomi Automobile အမှတ်တံဆိပ်အောက်တွင် တရုတ်နိုင်ငံမှာ ၎င်းကိုယ်တိုင် EV များပြုလုပ်ရန် လိုင်စင်ရယူရာတွင် နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ လိုင်စင်ရဖို့ ခက်ခဲရသည့် အကြောင်းရင်းခံတို့ကို  Myanmar Automobile Guide မှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ See more


အခွန်‌လျော့ပေါ့ပေးထားခြင်းများနှင့် အစိုးရထောက်ပံ့ကြေးများ ခံစားခွင့် ရရှိသဖြင့်  ကုမ္ပဏီအများအပြားသည် အီးဗီ ထုတ်လုပ်ရေးကဏ္ဍတွင်းသို့ အပြေးအလွှားဝင်ရောက်လာကြပြီး ကားတစ်စီးမှ မထုတ်နိုင်ဘဲ လုပ်ငန်းပြုတ်သွားကြတာတွေ များပြားခဲ့တာကြောင့် ယခုအခါမှာ အစိုးရက ထုတ်လုပ်ခွင့် လိုင်စင်ချပေးဖို့ တင်းတင်းကျပ်ကျပ် စိစစ်ပါတယ်။


အရေအတွက် မဖောင်းပွအောင် လိုင်စင်ရပြီးသား လုပ်ငန်းနှင့် ပူးပေါင်းခြင်း၊ ဝယ်ယူခြင်း နည်းလမ်းတို့ကို အားပေးပါတယ်။ အီးဗီလုပ်ငန်းကဏ္ဍအတွင်းမှ အရင်းအမြစ်များကို ပြန့်ကျဲပြီး သုံးစွဲနေကြတာအစား စုစုစည်းစည်းဖြင့် သုံးစွဲစေလိုပါတယ်။ အီးဗီ ထုတ်လုပ်ခွင့် လိုင်စင်ရဖို့  ဘဏ္ဍာရေး အခြေအနေ တောင့်တင်းခိုင်မာမှု ရှိကြောင်း သက်သေအခထာက်အထားများ ခိုင်ခိုင်လုံလုံ ပြသဖို့ လိုအပ်တဲ့အပြင် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များကိုလည်း သက်သေပြရန် လိုအပ်ပါတယ်။

သက်သေထူဖို့ အထောက်အထားများ၊ စာရွက်စာတမ်းများ တင်ပြဖို့ အပြောလွယ်ပေမဲ့ အလုပ်ခက်ပါတယ်။ တရုတ်အီးဗီကဏ္ဍမှာ ဖြေရှင်းနည်းက ကားထုတ်လုပ်ခွင့်ပါမစ် လွယ်လွယ်ကူကူရတဲ့ခေတ်တုန်းက ပါမစ်ရထားတဲ့ လုပ်ငန်းကို ဝယ်လိုက်တာ ဖြစ်ပါတယ်။ ၂၀၁၇ မှာ WM Motor Holdings က ကားထုတ်လုပ်ခွင့် လိုင်စင်ရထားတဲ့ Huanghai Auto ကို ဝယ်လိုက်ပြီး ကားထုတ်လုပ်ခွင့်လိုင်စင်ကို လက်ဝယ် ရယူပါတယ်။

 

၂၀၁၈ မှာ Li Auto က ကားထုတ်လုပ်ခွင့် လိုင်စင်ရထားတဲ့ Chongqing Lifan Auto ကို ဝယ်လိုက်ပါတယ်။ ကားထုတ်လုပ်ခွင့် လိုင်စင်ရချင်လို့ အမေရိကန်ဒေါ်လာ ၉၅ သန်းဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ Xiaomi က ၂၀၂၁ မှ မှတ်ပုံတင်ထားတဲ့ Xiaomi Automobile ရဲ့ brand ဖြင့် ထုတ်လုပ်မယ့်အီးဗီကို ထုတ်လုပ်ပေးဖို့ Beijing Automotive Group Co. (BAIC) နှင့် အစပျိုးဆွေးနွေးနေပါတယ်။ 


Xiaomi က ၂၀၂၄ မှာ ကားစတင်ထုတ်လုပ်မယ့် ရည်မှန်းချက်ဆီ ရောက်ဖို့အတွက် လမ်းကြောင်းရှာနေတာ ဖြစ်ပါတယ်။ နည်းလမ်းတစ်ခုက ကားထုတ်လုပ်ရေး စက်ရုံ Beijing Hyundai No. 2 plant ကို ဝယ်လိုက်ရင် Xiaomi Automobile အတွက် လိုအပ်နေတဲ့ ကားထုတ်လုပ်ခွင့် လိုင်စင်ကို တစ်ပါတည်း ရရှိမှာ ဖြစ်ပါတယ်။ စက်ရုံကို အဆင့်မြှင့်တင်ပေးပြီး Xiaomi-BAIC အီးဗီများ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ 


Bloomberg သတင်းမှာ ဖော်ပြချက်အရXiaomi Automobile က  BAIC Group ရဲ့ အီးဗီ brand ဖြစ်တဲ့  BAIC BluePark New Energy Technology Co နှင့် ဆွေးနွေးနေပါတယ်။ ဘယ်နည်းဘယ်ပုံ လက်တွဲလုပ်ဆောင်မလဲဆိုတာ နည်းလမ်းအသွယ်သွယ်ကို ဆွေးနွေးနေကြပါတယ်။

 

Source Bloomberg 

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Read 1560 times