VW က လျှပ်စစ်ဗင်ကား ID.Buzz ရောင်းဈေးများ ထုတ်ပြန်ကြေညာ


VW က လျှပ်စစ်ဗင်ကား ID.Buzz ရောင်းဈေးများ ထုတ်ပြန်ကြေညာ

 

Volkswagen တစ်ချိန်တစ်ခါက ပေါင်မုန့်ကား မိုက်ခရိုဘတ်စ်ကို လျှပ်စစ်ဗင်ကားအဖြစ် ပြန်အသက်သွင်းထားတဲ့ ID.Buzz ရဲ့ ဥရောပအတွက် အခြေခံရောင်းဈေးများကို ကြေညာပါတယ်။ 


 ဥရောပဈေးကွက်မှာ ၅ ယောက်စီး ID.Buzz Pro ကို  ယူရိုဒေါ်လာ 56,606.30 ဖြင့် ရနိုင်မယ်လို့ ဆိုပါတယ်။ အပြည့်အဝလျှပ်စစ်ကား ဖြစ်နေတဲ့အတွက် ရရှိမယ့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ေရးအခွန် ပြန်အမ်းငွေ ထည့်တွက်ထားတဲ့ ဈေးနှုန်းဖြစ်ပါတယ်။ လက်ရှိယူရိုဒေါ်လာ ငွေလဲနှုန်းအရ $59,548.41 နှင့် ညီမျှပါတယ်။ ပတ်ဝန်းကျင်အခွန် ပြန်အမ်းငွေ ထည့်မတွက်ရင် €64,581.30 ($67,948.12) ဖြစ်ပါတယ်။ 

ပစ္စည်းသယ်ဖို့ နေရာပိုကြီးကြီးပါတဲ့ ID.Buzz Cargo က Pro ထက် ဈေးသက်သာပါတယ်။ ပတ်ဝန်းကျင်အခွန် ပြန်အမ်းငွေ ထည့်တွက်ရင် €54,430.60 ($57,268.23) ဖြစ်ပြီး ပြန်အမ်းငွေ မပါရင် €46,455.60($48,877.47) ဖြစ်ပါတယ်။

 ID.Buzz မှာ lithium-ion လစ်သီယမ်အိုင်းယွန်း ဘက်ထရီ 82 kilowatt-hours တပ်ဆင်ပေးထားပါတယ်။ နောက်ဘီးယက်ဖြစ်ပြီး မြင်းကောင်ရေ ၂၀၁ အထိ ရနိုင်ပါတယ်။ အမြန်ဆုံး အမြန်နှုန်း တစ်နာရီ မိုင် ၉၀ ဖြစ်ပါတယ်။ 

 

ယခင် ဖော်ပြချက်ကိုဖတ်ရှုရန် အပြာရောင်ခေါင်းစဉ်ကို ထိပါ
VW ရဲ့ တစ်ကျော့ပြန် မိုက်ခရိုဘတ်စ် ပေါင်မုန့်ကား

Read 13971 times