Volkswagen ၂၀၂၃ ရောင်းအား မြင့်တက်ခဲ့ 


Volkswagen ၂၀၂၃ ရောင်းအား မြင့်တက်ခဲ့ 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Volkswagen Group ကားရောင်းအားသည် ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် ၁၂ % ပိုများခဲ့သည်။ ဝယ်ယူသူများထံ အစီးရေ ၉.၂၄ သန်း ပေးပို့နိုင်ခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ်တွင် အစီးရေ ၉.၃ သန်းကို မမီသေးပါ။ 
၂၀၂၂ ခုနှစ် ‌ဝယ်ယူသူများထံ ပေးပို့သည့်စီးရေ စံချိန်တင် လျော့ကျခဲ့ရာ အစီးရေ ၈.၃ သန်း ပေးပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ထုတ်လုပ်ရေးအပိုင်းတွင် ယာဉ်အစိတ်အပိုင်း အချိန်မီ မရသည့် ပြဿနာ လျော့နည်းနေခဲ့သဖြင့် အစီးရေ ၉.၂၄ သန်းသို့ ပြန်မြင့်တက်လာခဲ့သည်။

၂၀၂၃ ခုနှစ်တွင်  Volkswagen အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော ကားအစီးရေ ၄.၈၇ သန်းကို ဝယ်ယူသူများထံ အပ်နှံနိုင်ခဲ့သည်။ ၂၀၂၂ ခုနှစ်ထက် ပိုများသောလည်း ကိုဗစ်အကြိုကာလ ရေချိန်ကို မမီသေးပါ။

Volkswagen Group သည် ၂၀၂၃ ခုနှစ်တွင် လျှပ်စစ်ကားများ ရောင်းအား မြင့်တက်ခဲ့ပါသည်။


၂၀၂၃ ခုနှစ် VW အီးဗီရောင်းအား ၄ သိန်းနီးပါးသို့ ရောက်ရှိ
https://www.automobiledirectory.com.mm/article/-vw-delivered-394000-ev.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 163 times