၂၀၂၃ ခုနှစ် VW အီးဗီရောင်းအား ၄ သိန်းနီးပါးသို့ ရောက်ရှိ


၂၀၂၃ ခုနှစ် VW အီးဗီရောင်းအား ၄ သိန်းနီးပါးသို့ ရောက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

၂၀၂၃ ခုနှစ်တွင် Volkswagen သည်  အီးဗိ အစီးရေ ၃၉၄,၀၀၀ ကို မှာကြားထားသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
၂၀၂၂ ခုနှစ်ထက် ၂၁% ပိုများခဲ့သော်လည်း အီးဗီရောင်းချသည့် အစီးရေသည်  VW အမှတ်တံဆိပ် ကားများ စုစုပေါင်း ရောင်းချသည့် စီးရေ ၄.၈၇ သန်း၏ ၉% အောက်တွင်သာ ရှိနေသေးသည်။
Volkswagen သည် ၂၀၂၃ ခုနှစ်နည်းတူ ၂၀၂၄ ခုနှစ်တွင်လည်း အီးဗီ လုပ်ငန်းကဏ္ဍတွင် အခက်အခဲများ ဆက်ရှိနေဦးမည်ဟု ပြောကြားသည်။

Volkswagen ၏ အီးဗီများ အများဆုံး ရောင်းချခဲ့သည့် နိုင်ငံများမှာ တရုတ်၊ ဂျာမနီ၊ အမေရိကန်၊ ဗြိတိန်၊ ဆွီဒင်၊ ပြင်သစ်၊ နော်ဝေနှင့် ဘယ်လ်ဂျီယံတို့ ဖြစ်ပါသည်။

 

VW သည် ဂျာမနီတွင် ID.4 မော်ဒယ် အစီးရေ ၃ သောင်းဝန်းကျင်ကို မှာကြားထားသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ အမေရိကန်တွင် ID.4  SUV အစီးရေ ၃၈,၀၀၀ ဝန်းကျင် ပေးအပ်ခဲ့ပါသည်။


VW ၏ အရေးကြီးဆုံးစျေးကွက် တရုတ်နိုင်ငံတွင် ရောင်းအား ၄၀% ကျဆင်းခဲ့သည်။ ID.3 အစီးရေ ၇၅,၀၀၀ ကျော်ကို စားမှာကြားထားသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ 
VW ၏ အီးဗီများ တရုတ်ပြည်တွင် အရောင်းမသွက်သဖြင့် ထုတ်လုပ်စီးရေ လျာထားချက်ကို အကြိမ်ကြိမ် လျှော့ချခဲ့ရပါသည် 

Volkswagen သည် ID.4 နှင့် ID.5 တို့ကို အဆင့်မြှင်တင်ခဲ့သည်။
ယခုနှစ်စတွင် ရောင်းအား မြှင့်တင်ရန်အတွက် ဥရောပတွင် ဈေးလျှော့ချခဲ့ပါသည်။ 

 

Volkswagen ID.4 Pro (Source: VW)

 

2023 VW ID.4 (Source: Volkswagen)


Source electrek

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 239 times