VinFast က အာဆီယံတွင် အီးဗီ ရောင်းချရန် စတီယာရင် ယာဘက်ထားဖို့ စီစဉ် 


VinFast က အာဆီယံတွင် အီးဗီ ရောင်းချရန် စတီယာရင် ယာဘက်ထားဖို့ စီစဉ် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

VinFast ၏ နောက်ဆုံးရည်မှန်းချက်မှာ အရှေ့တောင်အာရှတစ်ဝှမ်း လျှပ်စစ်ကားများကို ရောင်းချရန်ဖြစ်ပြီး ထို့အတွက် ထုတ်လုပ်သည့် ကားများသည် စတီယာရင် ယာဘက်မှာ ရှိနေဖို့ လိုအပ်သည်။ 

ဗီယက်နမ်နိုင်ငံ၏ အချမ်းသာဆုံးသူဌေး Pham Nhat Vuong တည်ထောင်ထားသည့် အီးဗီထုတ်လုပ်သည့် VinFast ကုမ္ပဏီသည် ၎င်း၏ အီးဗီမော်ဒယ် လေးခုကို လျော်ညီစွာ ပြန်လည်ပြင်ဆင်မည်ဖြစ်ကြောင်း ဘန်ကောက်မြို့မှ ဗုဒ္ဓဟူးနေ့ (မေ၁၈)နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
.
မည်သည့် အရှေ့တောင်အာရှနိုင်ငံများတွင် ၎င်း၏ အီးဗီများ ရောင်းချရန် ရည်ရွယ်ထားကြောင်းကို ပြောကြားခြင်း မရှိချေ။ 
.
VinFast ၏ အီးဗီများကို ယခုအခါ လက်ယာကပ်မောင်းစနစ်အတွက် ထုတ်လုပ်နေသည်။

ထိုင်း၊အင်ဒိုနီးရှား၊မလေးရှား၊စင်ကာပူနှင့် ဘရူနိုင်းတို့တွင် လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးသည်။ သို့ဖြစ်ရာ စတီယာရင်သည် ကားယာဘက်ခြမ်းတွင် ထားရှိသည်။ ကားပေါ်မှ ကွန်ပျူတာကလည်း လက်ဝဲကပ်မောင်းစနစ်အရ အလုပ်လုပ်သည်။ သို့ဖြစ်ရာ လိုက်လျောညီထွေ ဖြစ်အောင် စတီယာရင် ယာဘက်ထားပြီး ကွန်ပျူတာကို လက်ဝဲကပ်မောင်းစနစ်အတွက် ဖြစ်အောင် စီမံဆောင်ရွက်ရမည် ဖြစ်သည်။
.
Tesla က ထုတ်လုပ်ရေးတွင် ရေရှည်တွင်အဆင်မပြေသဖြင့် စတီယာရင် ညာကိုင်း Model S နှင့် Model X  ထုတ်လုပ်မှု ရပ်ဆိုင်းကြောင်း၊ အမှာစာများကို ငွေပြန်အမ်းမည်ဖြစ်ကြောင်း မကြာသေးခင်က ကြေညာခဲ့သည်။


စတီယာရင် ညာကိုင်း Model S နှင့် Model X ထုတ်လုပ်မှု Tesla ရပ်ဆိုင်း
https://www.automobiledirectory.com.mm/article/-model-s-model-x-tesla.html


 

ဗီယက်နမ်၏ အကြီးဆုံးလုပ်ငန်းစုကြီး Vingroup ၏ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း VinFast သည် အရင်းမကြေသေးချေ။ ၂၀၂၄ ခုနှစ်တွင် အရင်းကြေရန် မျှော်မှန်းထားပြီး ၂၀၂၅ ခုနှစ်တွင် အမြတ်ရဖို့အတွက် ယခုကတည်းက အစီအစဉ်များ ရေးဆွဲထားသည်။
Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 257 times