စတီယာရင် ညာကိုင်း Model S နှင့် Model X ထုတ်လုပ်မှု Tesla ရပ်ဆိုင်း


စတီယာရင် ညာကိုင်း Model S နှင့် Model X ထုတ်လုပ်မှု Tesla ရပ်ဆိုင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Tesla က  စတီယာရင် ညာကိုင်း Model S, Model X အမှာစာများကို ရုပ်သိမ်းလိုက်ပါသည်။
ဘယ်ကိုင်းကိုသာ ရနိုင်တော့မည်ဟု အသိပေးပါသည်။


Tesla သည် Model S ညာကိုင်း ထုတ်လုပ်ခဲ့သည်မှာ တစ်ဆယ်နှစ်ဝန်းကျင် ရှိပြီ ဖြစ်သည်။
ဗားရှင်းများကို ဆယ်စုနှစ်တစ်ခုကြာအောင် ပြုလုပ်နေခဲ့သော်လည်း ယခုအခါ ဆက်လက်ထုတ်လုပ်ခြင်း မပြုတော့ရန် ဆုံးဖြတ်လိုက်ပါသည်။
သို့ဖြစ်ရာ ယူကေ အပါအဝင် ဝဲဘက်ကပ်မောင်းသည့် နိုင်ငံများမှ အမှာစာများကို ရုပ်သိမ်းနေပါသည်။ မှာကြားလိုသူများကိုလည်း အခြားမော်ဒယ် ဝယ်ယူရန် အကြံပြုပါသည်။
အကယ်၍ Model S , Model X မော်ဒယ် ကိုမှ လိုချင်သည်ဆိုလျှင် လက်ကျန်ရှိပါက ရနိုင်မည်။ လက်ကျန်မရှိပါက ဘယ်ကိုင်းသာ ရမည် ဖြစ်ကြောင်း အသိပေးပါသည်။
ကြိုတင်ငွေ သွင်းထားသမျှ ပြန်အမ်းပေးပါသည်။

ကမ္ဘာ့နိုင်ငံများတွင် ယူကေ၊ ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ နိုင်ငံများအပါအဝင်  ၃၀% ဝန်းကျင်သည် ဝဲဘက် ကပ်မောင်းသည့် နိုင်ငံများ ဖြစ်ပါသည်။ 
Source arstechnica
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 245 times