VinFast အီးဗီ ရောင်းအား မြင့်တက်


VinFast အီးဗီ ရောင်းအား မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ်မှ VinFast သည် ယခုနှစ်တွင် လျှပ်စစ်ကားအစီးရေ ၅ သောင်း ရောင်းချရန် မျှော်မှန်းထားပြီး မြောက်အမေရိကသို့ တင်ပို့မှုကို မြှင့်တင်သည့်အပြင် ဥရောပသို့လည်း စတင် တင်ပို့သောကြောင့် ရောင်းအားသည် ၂၀၂၂ ခုနှစ်ထက်  ခုနစ်ဆနီးပါး တိုးလာသည်ဟု ကုမ္ပဏီ ထူထောင်သူက ပြောကြားသည်။

စီစဉ်ထားသည့်အတိုင်း ဖြစ်မြောက်ခဲ့လျှင် VinFast သည် ၂၀၂၄ ခုနှစ်တွင် အရင်းကြေမည်ဟု ဗီယက်နမ်နိုင်ငံ၏ အချမ်းသာဆုံးသူဌေး၊ ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီစု Vingroup ဥက္ကဋ္ဌနှင့် VinFast ကို ထူထောင်သူ ဗီယက်နမ် ပထမဆုံး ဘီလျံနာ Pham Nhat Vuong က ကုမ္ပဏီ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူများကို ပြောကြားသည်။

၂၀၂၂ တွင် ဗီယက်နမ် ပြည်တွင်း၌သာ ရောင်းချခဲ့ရာ စီးရေ ၇,၄၀၀ ခန့် ရောင်းချခဲ့ပြီး ယခုနှစ်တွင် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များတွင်လည်း ရောင်းချလျက်ရှိရာ စီးရေ လေးသောင်းမှ ငါးသောင်းအထိ ရောင်းချရမည်ဟု Vuong က မျှော်မှန်းထားသည်။
  
Vuong က VinFast သည်  လျှပ်စစ်ပစ်ကပ်ထရပ်ကားနှင့် လျှပ်စစ်  "မီနီကား" တို့ကို ထုတ်လုပ်ရန်  စီစဉ်ထားကြောင်း Vuong မှ ပြောကြားခဲ့သည်။
လျှပ်စစ်  "မီနီကား" ဈေးနှုန်းသည် $10,000 နှင့် $12,000 ကြားတွင်သာ ရှိမည်။ အလွန်ဈေးသက်သာသည့် အီးဗီဟု Vuong မှ ပြောကြားခဲ့သည်။
 VinFast သည် အမေရိကန်တွင် ရှယ်ယာများ ရောင်းချရန်အတွက် စတော့အိပ်ချိန်း စာရင်းဝင် ကုမ္ပဏီဖြစ်ဖို့ စီစဉ်ဆောင်ရွက်နေသည်။

VinFast ဘဏ္ဍာရေး တောင့်တင်းစေရန် Vingroup နှင့် Vuong တို့က ကန်ဒေါ်လာ ၂.၅ ဘီလီယံ သွန်ထည့်ပေးထားသည်။


ဗီယက်နမ်အချမ်းသာဆုံးသူဌေး ဘီလျံနာထံမှ အရင်းအနှီး ဒေါ်လာ ၁ ဘီလီယံ VinFast ရရှိ
https://www.automobiledirectory.com.mm/article/vinfast-got-a-25b.html


Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 317 times