ဗီယက်နမ်အချမ်းသာဆုံးသူဌေး ဘီလျံနာထံမှ အရင်းအနှီး ဒေါ်လာ ၁ ဘီလီယံ VinFast ရရှိ


VinFast အရင်းအနှီး ဒေါ်လာ ၂.၅ ဘီလီယံ ရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ် မှ အီးဗီထုတ်လုပ်သည့်  VinFast သည် အမေရိကန်ကားဈေးကွက်တွင် SUVများနှင့် crossovers များဖြင့် ဆွဲဆောင်ရန် ရည်မှန်းချက်ကြီးမားသော အစီအစဉ်ကို အကောင်အထည်ဖော်နေစဉ် ဘဏ္ဍာရေး ကုန်ခန်းပြတ်လပ်မှု မရှိအောင်   ဗီယက်နမ်မှ အချမ်းသာဆုံးသူဌေး ဘီလျံနာ Pham Nhat Vuong က အရင်းအနှီး ဒေါ်လာ ၁ ဘီလီယံကို သွန်ထည့်ပေးလိုက်ပါတယ်။

 

 

VinFast ၏ မိခင်ကုမ္ပဏီ Vingroup ကို တည်ထောင်ခဲ့သည့် ဘီလျံနာ သူဌေးကြီး Pham Nhat Vuong သည် VinFast တွင် ထောက်ပံ့ငွေအဖြစ်ဖြင့် သူ၏ ကိုယ်ပိုင်ကြွယ်ဝမှု ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ဧပြီလ ၂၆ ရက်နေ့တွင် ကတိကဝတ်ပြုခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးလုပ်ငန်းစုဖြစ်သည့် Vingroup သည် VinFast တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
ထို့ပြင် ၅ နှစ်သက်တမ်း ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို Vingroup က VinFast ကို ထုတ်ချေးပေးမည်။
ကမ္ဘာ့လျှပ်စစ်ကားစျေးကွက်တွင် ဗီယက်နမ်၏ အမှတ်အသားတစ်ခု ဖန်တီးရန် အခရာကျသည့်  အရှိန်အဟုန် မြှင့်တင်နေသည့် ကာလအတွင်း VinFast အား ခွန်အားဖြစ်စေရန်အတွက် ၎င်း၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုအချို့ကို  ထည့်ဝင်လှူဒါန်းခဲ့ကြောင်း Vuong မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

VinFast ကို ၂၀၁၇ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ 2018 Paris Motor Show တွင် VinFast ၏ ပထမဆုံးမော်ဒယ် ဓာတ်ဆီအင်ဂျင်သုံး ကားကို ပြသခဲ့သည်။
ဗီယက်နမ်ဈေးကွက်အတွက် ကားများနှင့် လျှပ်စစ်စကူတာများ ထုတ်လုပ်သည်။ တစ်နှစ်အတွင်းမှာပင် ဗီယက်နမ်မှာ ကားများ ရောင်းအား ကောင်းခဲ့သည်။
ထို့နောက် လျှပ်စစ်ကားများကိုသာ ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ အမေရိကန်ဈေးကွက်ထဲသို့ အီးဗီဖြင့် စတင်ဝင်ရောက်သည်။
အီးဗီမော်ဒယ် ၆ မျိုး၊ လျှပ်စစ်ဘတ်စ်ကား မော်ဒယ် ၁ မျိုး၊ လျှပ်စစ်အပေါ့စားမော်တော်ဆိုင်ကယ် ၉ မျိုး ထုတ်လုပ်ရန် အစီအစဉ် ရေးဆွဲထားသည်။
ပြည်ပဈေးကွက်များသို့ အီးဗီ စီးရေ ၃,၀၀၀ ခန့် တင်ပို့ထားသည်။ 
2022 LA Auto Show တွင် SUV မော်ဒယ် ၄ မျိုး ပြသခဲ့သည်။
မြောက်ကယ်ရိုလိုင်းနားတွင် အီးဗီ စက်ရုံ၊ ဘက်ထရီ စက်ရုံ၊ လျှပ်စစ်စကူတာ စက်ရုံတို့ တည်ဆောက်ရန် စီစဉ်နေသည်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ်အစိုးရက VinFast ကို  စက်ရုံတည်ဆောက်ရန် မက်လုံး ကန်ဒေါ်လာ ၁.၂ ဘီလီယံ ပေးအပ်သည်။

အမေရိကန်တွင် လူထုထံ ကနဦးအနေဖြင့် အစုရှာ်ယာများ ရောင်းချရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။
Source techcrunch
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 176 times