၂၀၅၀ ခုနှစ်တွင် လျှပ်စစ်ဘတ်စ်၊ လျှပ်စစ်တက္ကစီများ သုံးစွဲရန် ဗီယက်နမ် ရည်မှန်း


 ၂၀၅၀ ခုနှစ်တွင် လျှပ်စစ်ဘတ်စ်၊ လျှပ်စစ်တက္ကစီများ သုံးစွဲရန် ဗီယက်နမ် ရည်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ်သည် ဘတ်စ်ကားများနှင့် တက္ကစီများ အားလုံးကို ဓာတ်ဆီကားမှ  လျှပ်စစ်ကားသို့ လာမည့် နှစ် ၃၀ အတွင်း ပြောင်းလဲရန် စီစဉ်နေပါသည်။

၂၀၂၅ ခုနှစ်မှစ၍ အသစ်ဖြင့် အစားထိုးသည့်ဘတ်စ်ကားများအားလုံးသည် ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်အတိုင်း လျှပ်စစ်စွမ်းအင်သုံး ဘတ်စ်ကားများဖြစ်ရမည် ဖြစ်သည်။
၂၀၃၀ ခုနှစ်မှ စ၍ အသစ်ဖြင့် အစားထိုးသည့် တက္ကဆီများ အားလုံး အီးဗီဖြစ်ရမည် ဖြစ်သည်။

 

Green and Smart Mobility Joint Stock Company (GSM) သည် ဗီယက်နမ်တွင် လျှပ်စစ်ကားများကို အသုံးပြုသည့် ပထမဆုံး တက္ကစီဝန်ဆောင်မှုပေးသူဖြစ်ပြီး ၎င်း၏ Green SM တက္ကစီဝန်ဆောင်မှုကို ဟနွိုင်းတွင် ဧပြီလ ၁၄ ရက်က စတင်ခဲ့သည်။
GSM အမှုဆောင်အရာရှိချုပ် Nguyen Van Thanh က ကုမ္ပဏီသည် ဗီယက်နမ်ရှိ အဓိကနေရာကြီးငါးခုတွင် ဝန်ဆောင်မှုကို လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီသည် လျှပ်စစ်တက္ကစီအစီးရေ ၁၀,၀၀၀ ခန့်အထိ တိုးချဲ့ရန် အရှေ့တောင်အာရှရှိ မိတ်ဖက်အများအပြားနှင့် ဆွေးနွေးလျက်ရှိသည်။

ပထမအဆင့်တွင် Green SM သည်  VinFast VF 5 Plus မော်ဒယ်ကို အသုံးပြု၍ Hanoi တွင် GreenCars 500 နှင့် LuxuryCars 100 ,တို့ဖြင့်  ဝန်ဆောင်မှုပေးမည်ဖြစ်သည်။

Green SM တက္ကစီဝန်ဆောင်မှုကို စတင်ခြင်းသည် တက္ကစီလုပ်ငန်းကဏ္ဍ တစ်ခုလုံး၏  ဝန်ဆောင်မှု အရည်အသွေးကို တိုးတက်စေလိမ့်မည်ဟု Thanh က မျှော်လင့်ထားသည်။

အများသုံး ဘတ်စ်ကားကဏ္ဍတွင် VinBus လျှပ်စစ်ဘတ်စ်စနစ်ဖြင့် လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲမည် ဖြစ်သည်။

“ကျွန်တော်တို့က ဝန်ဆောင်မှုအရည်အသွေးကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်သွားမှာဖြစ်လို့ တခြားကုမ္ပဏီတွေက ကျွန်တော်တို့ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် သူတို့ရဲ့ဝန်ဆောင်မှုတွေကို  မြှင့်တင်ပေးကြရပါလိမ့်မယ်” ဟု Thanh က ပြောသည်။


ယခင်ဖော်ပြချက်

လျှပ်စစ်ကား တက္ကစီ ဝန်ဆောင်မှု ၂ မျိုး ဟနွိုင်းတွင် စတင်
https://www.automobiledirectory.com.mm/article/vietnam-ev-taxi.html


ဟနွိုင်း တက္ကဆီ အသင်း ဥက္ကဌ Nguyen Cong Hung  လျှပ်စစ်တက္ကဆီများကို မလွဲမသွေ သုံးကြရလိမ့်မည်ဟု ပြောကြားသည်။ သို့သော် လျှပ်စစ်တက္ကဆီသို့ ကူးပြောင်းရန် အဟန့်အတား နှစ်ခုမှာ အားသွင်းရန် နေရာများ အနည်းအကျဉ်းသာ ရှိခြင်း၊ ကားဖိုး ဈေးကြီးခြင်းတို့ ဖြစ်သည်။ 

လျှပ်စစ်တက္ကစီတစ်စီးသည်  တစ်နေ့လျှင် အကြိမ်များစွာ အားသွင်းရန် လိုအပ်သည်။
လျှပ်စစ်ကားသည် ဓာတ်ဆီကားထက် ၁.၅ မှ ၃ ဆအထိ ဈေးပိုကြီးသည်။

Hanoi Transport Corporation (Transerco) က ဒီဇယ်ဘတ်စ်အစား လျှပ်စစ်ဘတ်စ်ဖြင့် ပြေးဆွဲရန် လွယ်ကူသည်။ သို့သော် ကုန်ကျစရိတ် ကြီးမားသည်။

လက်ရှိတွင် Hanoi နှင့် Ho Chi Minh City တွင် လည်ပတ်နေသော VinBus ယာဉ်စုရှိ လျှပ်စစ်ဘတ်စ်ကားတစ်စီးသည် ဒေါင် ၇ ဘီလီယံ (ကန်ဒေါ်လာ ၂၉၈,၀၀၀) ခန့်ကုန်ကျသည်။
လျှပ်စစ်ဘတ်စ် သက်တမ်းမှာ ၁၀ နှစ်ဖြစ်သည်။ အနည်းဆုံး ဘက်ထရီထုပ်ကို တစ်ကြိမ် အသစ်လဲရမည်။ ကုန်ကျစရိတ်မှာ ဒေါင် ၂ ဘီလီယံ ($85,143) ဖြစ်သည်။ သို့ဖြစ်ရာ အနည်းဆုံး ဒေါင် ၉ ဘီလီယံ ($383,142) ရင်းနှီးမြှုပ်နှံရမည်။ 

ဒီဇယ်ဘတ်စ်သည် ၁၀ နှစ်သက်တမ်းအတွက် ပြုပြင်ထိန်းသိမ်း စရိတ်အပါအဝင် အားလုံးအတွက် ဒေါင် ၃ ဘီလီယံ ($127,714) မျှသာ ရင်းနှီးမြှုပ်နှံရသည်။ 
Source vnexpress 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 191 times