လျှပ်စစ်ကား တက္ကစီ ဝန်ဆောင်မှု ၂ မျိုး ဟနွိုင်းတွင် စတင်


လျှပ်စစ်ကား တက္ကစီ ဝန်ဆောင်မှု ဟနွိုင်းတွင် စတင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Green SM Taxi ဝန်ဆောင်မှုကို ဗီယက်နမ် ဟနွိုင်းမြို့‌တွင် စတင်ပြီးနောက် ဗီယက်နမ်မှ အနည်းဆုံးမြို့ကြီး ၅ မြို့သို့ တိုးချဲ့မည်။

GSM Green နှင့် Smart Mobility JSC တို့က Green SM Taxi အမည်ဖြင့် တက္ကဆီဝန်ဆောင်မှုများကို ဟနွိုင်းမြို့တွင် ဧပြီလ ၁၄ ရက်တွင် စတင်မည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။
.
တက္ကဆီကားများ၏ ကိုယ်ထည်အရောင်မှာ အပြာလွှမ်းသည့်အစိမ်းရောင်ကို သုံးထားပါသည်။
.
လျှပ်စစ်တက္ကဆီများကို GreenCar နှင့် LuxuryCar ဟူ၍ နှစ်မျိုးခွဲခြားပြီး ပြေးဆွဲမည် ဖြစ်သည်။
အသုံးပြုသည့် လျှပ်စစ်ကားများမှာ ဗီယက်နမ်တွင် VinFast ထုတ်လုပ်သည့် VF e34 နှင့် VF 8 မော်ဒယ်များ ဖြစ်ပါသည်။ 
နောက်နောင်တွင် GreenCar တက္ကဆီတွင် VinFast မှ ထုတ်လုပ်သော အရွယ်အစား ငယ်သည့် VF 5 Plus လျှပ်စစ်ကားများကို ထည့်သွင်း သုံးစွဲမည် ဖြစ်သည်။
.
LuxuryCar တက္ကဆီ ဝန်ဆောင်မှုတွင် VF 8 လျှပ်စစ်ကားများ အသုံးပြုပါသည်။ ယာဉ်မောင်းနှင်မှု ကျွမ်းကျင်သည့်အပြင် အင်္ဂလိပ်စကား ပြောဆိုတတ်သည့် ယာဉ်မောင်းများကို မောင်းနှင်စေမည် ဖြစ်ပါသည်။
.
GreenCar တက္ကဆီသည် ပထမ ၁ ကီလိုမီတာအတွက် ကားခ ဗီယက်နမ် ဒေါင် ၂ သောင်း ($0.85) ကျသင့်ပါမည်။
.
နောက်ထပ် ၂၄ ကီလိုမီတာအတွက် VF 5 Plus လျှပ်စစ်ကား ဆိုပါက ၁ ကီလိုမီတာလျှင် ကားခ ဗီယက်နမ် ဒေါင် ၁၄,၀၀၀ ($0.6) ကျသင့်ပါမည်။
.
VF e34 လျှပ်စစ်ကားဆိုပါက ၁ ကီလိုမီတာလျှင် ဗီယက်နမ် ဒေါင် ၁၅,၅၀၀ ($0.7) ကျသင့်မည်။ 
နောက်ထပ် ကီလိုမီတာများအတွက် ကားခမှာ တစ်ကီလိုမီတာအတွက် VF 5 Plus လျှပ်စစ်ကားသည် ဗီယက်နမ်ဒေါင် ၁၂,၀၀၀($0.51) ကျသင့်မည် ဖြစ်ပြီး VF e34 လျှပ်စစ်ကားသည် ဗီယက်နမ်ဒေါင် ၁၂,၅၀၀ ($0.53) ကျသင့်မည် ဖြစ်ပါသည်။ 

LuxuryCar တက္ကဆီ ဝန်ဆောင်မှုကို ပုံသေနှုန်းထား တစ်ကီလိုမီတာတိုင်းအတွက် ဗီယက်နမ် ဒေါင် ၂၁,၀၀၀($0.9) သတ်မှတ်ထားပါသည်။

Green SM Taxi အမှတ်တံဆိပ်ဖြင့် ပြေးဆွဲမည် ဖြစ်ပြီး ပထမအဆင့်ကာလတွင် VF e34 အစီး ၅၀၀၊ VF 8 အစီး ၁၀၀ တို့ဖြင့် ဟနွိုင်းမြို့တွင် ပြေးဆွဲမည်။ 
Green SM Taxi ဝန်ဆောင်မှုကို hotline နံပါတ် 1900 2088  သို့ ဖုန်းခေါ်ပြီး ကားငှားနိုင်ပါသည်။ Green SM Taxi အက်ပ်ကို အသုံးပြုခြင်းဖြင့်လည်း ကားငှားနိုင်ပါသည်။
လမ်းပေါ်တွင် ကြုံကြိုက်ပါက လက်ပြတားပြီး ငှားစီးနိုင်ပါသည်။ 
လူအများတို့ တက္ကဆီအငှားများကြသည့် စူပါမားကက်ကဲ့သို့သော နေရာမျိုးတွင်လည်း ဂိတ်ထိုးပေးထားမည် ဖြစ်ပါသည်။
Source vnexpress 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 199 times