တိုယိုတာ စက်ရုံအချို့ ထုတ်လုပ်မှု ပြန်လည်စတင်


တိုယိုတာ စက်ရုံအချို့ ထုတ်လုပ်မှု ပြန်လည်စတင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Toyota Motor သည် ဂျပန်နိုင်ငံရှိ ၎င်း၏ ကားစက်ရုံ ၁၄ ရုံအနက် ၁၂ ရုံတွင် Toyota နှင့် Lexus ကားများကို ပြန်လည်ထုတ်လုပ်ကြောင်း ဗုဒ္ဓဟူးနေ့နံနက်(ဩဂုတ် ၃၀)တွင် ကြေညာခဲ့သည်။


စနစ်ချို့ယွင်းမှုကြောင့် အင်္ဂါနေ့တွင် စက်ရုံ ၁၄ ရုံကို ပိတ်ထားရကြောင်း Myanmar Automobile Guide တွင် တင်ပြခဲ့ပါသည်။


ဂျပန်နိုင်ငံရှိ စက်ရုံ ၁၄ ရုံစလုံးတွင် တိုယိုတာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း
https://www.automobiledirectory.com.mm/article/toyota-operation-halt.html


 ကျန်ရှိသည့် စက်ရုံ ၂ ရုံကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ထုတ်လုပ်မှု ပြန်လည်စတင်ရန် ရည်မှန်းထားပါသည်။ ၎င်း စက်ရုံ နှစ်ရုံမှာ Fukuoka စီရင်စုရှိ Miyata စက်ရုံနှင့် Toyota မော်တော်ကားများထုတ်လုပ်သည့် Kyoto စီရင်စုရှိ Daihatsu Motor ၏ ကျိုတိုစက်ရုံတို့ ဖြစ်ပါသည်။


တနင်္လာနေ့တွင် စနစ်ချို့ယွင်းမှု ဖြစ်ပွားခဲ့ပြီး အစိတ်အပိုင်းများ အော်ဒါမှာသည့် လုပ်ငန်းစဉ်ကို စနစ်က တားဆီးထားသည်။
ယခုအခါ ယာယီစနစ်တစ်ခုဖြင့် အစားထိုး သုံးစွဲပြီး လုပ်ငန်စဉ်များ ပြန်လည် လည်ပတ်ခြင်း ဖြစ်ပါသည်။
Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2293 times