ဂျပန်နိုင်ငံရှိ စက်ရုံ ၁၄ ရုံစလုံးတွင် တိုယိုတာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း


ဂျပန်နိုင်ငံရှိ စက်ရုံ ၁၄ ရုံစလုံးတွင် တိုယိုတာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဂျပန်နိုင်ငံမှာ တည်ရှိသည့် တိုယိုတာ စက်ရုံ ၁၂ ရုံလုပ်ငန်း၂၀၂၃ ဩဂုတ်လ ၂၉  အင်္ဂါနေ့ မနက်ပိုင်းတွင် ရပ်ဆိုင်းကြောင်း Myanmar Automobile Guide တွင် တင်ပြခဲ့ပါသည်။


ဂျပန်မှ တိုယိုတာ ကားစက်ရုံများ ထုတ်လုပ်မှု အရေးပေါ် ရပ်ဆိုင်း

https://www.automobiledirectory.com.mm/article/toyota-halts-operations.html



မွန်းလွဲပိုင်းတွင် ကျန်သည့် စက်ရုံ ၂ ရုံကိုလည်း မတတ်သာတော့သဖြင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းလိုက်ရန် ဆုံးဖြတ်ပါသည်။
Toyota နှင့် Lexus အမှတ်တံဆိပ် ၂ ခုစလုံး၏ ကားများ ထုတ်လုပ်မှုကို ထိခိုက်ပါသည်။

ထုတ်လုပ်မှု လုပ်ငန်းစဉ် စနစ်မှ ချို့ယွင်းချက်ကြောင့်  အစိတ်အပိုင်းများအတွက် အမှာစာများ မဆောင်ရွက်နိုင်တော့သဖြင့် စက်ရုံများ ရပ်ထားလိုက်ရခြင်း ဖြစ်ပါသည်။ 


ပြည်တွင်း စက်ရုံ ၁၄ ရုံတွင် ထုတ်လုပ်ရေးလိုင်း ၂၈ လိုင်း ရှိသည့်အနက် စက်ရုံ ၁၂ ရုံမှ ၂၅ လိုင်းကို ယနေ့နံနက်ပိုင်းမှာ ပိတ်ထားလိုက်ပါသည်။


Fukuoka စီရင်စုရှိ Miyata စက်ရုံတွင် လိုင်းနှစ်လိုင်းနှင့် တိုယိုတာ ရာနှုန်းပြည့်ပိုင်ဆိုင်သော လက်အောက်ခံ ကားလုပ်ငန်း  Daihatsu ၏ Kyoto စက်ရုံတွင် လိုင်းတစ်လိုင်း ဆက်လက်ထုတ်လုပ်နေဆဲဖြစ်သည်။

 မွန်းလွဲပိုင်းတွင် အဆိုပါ ၃ လိုင်းကိုလည်း ညနေတွင် ရပ်ထားလိုက်ရန် ဆုံးဖြတ်ခဲ့ပါသည်။

Toyota သည် စနစ်ချို့ယွင်းရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်သော်လည်း  ဆိုက်ဘာတိုက်ခိုက်မှုကြောင့်ဟု မထင်ကြောင်း ပြောကြားပါသည်။


၂၀၂၂ ခုနှစ် မတ်လတွင်၊ Toyota သည် ၎င်းထံ အစိတ်အပိုင်းများ တင်သွင်းသူ Kojima Industries ၏  စက်ရုံမှ စနစ်ကို ဆိုက်ဘာတိုက်ခိုက်မှုကြောင့် စက်ရုံများ လည်ပတ်မှုကို ရပ်တန့်ခဲ့ရဖူးပါသည်။
Source Asia Nikkei 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 943 times