တိုယိုတာ ဂျပန်စက်ရုံများ အပြည့်အဝ ပြန်လည် လည်ပတ်တော့မည်ဟု ပြောကြား


တိုယိုတာ ဂျပန်စက်ရုံများ အပြည့်အဝ ပြန်လည် လည်ပတ်တော့မည်ဟု ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Toyota Motor သည် အင်္ဂါနေ့နံနက်ပိုင်းမှ စတင်ကာ လုပ်ငန်းများ ပြန်လည်စတင်တော့မည်ဖြစ်သည်။

 လွန်ခဲ့သည့်အပတ်က တိုယိုတာထံ ပစ္စည်းပေးသွင်းသူ Chuo Spring ၏ စက်ရုံတွင် မတော်တဆမှု ပေါက်ကွဲမှု တစ်ခုကြောင့် တိုယိုတာထံ အချိန်မီ ပစ္စည်းပေးသွင်းနိုင်ခြင်း မရှိသဖြင့် ဂျပန်မှ တိုယိုတာ ကားစက်ရုံများရှိ ထုတ်လုပ်ရေးလိုင်းများ ပစ္စည်းပြတ်လပ်ခြင်းကြောင့် ယာယီရပ်နားထားရသည်။

ရောင်းချစီးရေ အများဆုံးဖြင့်  ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်သူ တိုယိုတာသည် ဂျပန်မှ စက်ရုံများအားလုံးတွင် ထုတ်လုပ်မှုကို အပြည့်အဝ ပြန်လည်စတင်ရန် စီစဉ်ထားကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုရေး တာဝန်ခံက ပြောကြားပါသည်။


ယခင်တင်ပြချက်

တိုယိုတာ ဂျပန်ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်း ယာယီရပ်ထားရ

https://www.automobiledirectory.com.mm/article/toyotas-partial-production-halt.html



Source timelive
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 11887 times