တိုယိုတာ ဂျပန်ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်း ယာယီရပ်ထားရ


တိုယိုတာ ဂျပန်ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်း ယာယီရပ်ထားရ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Toyota Motor Corp က ဂျပန်နိုင်ငံတွင် ၎င်း၏ တစ်စိတ်တစ်ပိုင်း ထုတ်လုပ်မှု ရပ်နားထားမှုကို သီတင်းပတ်ကုန်အထိ ဆက်လက် ရပ်ထားရဖို့  မျှော်လင့်ထားကြောင်း ပြောကြားသည်။


တိုယိုတာထံ ပစ္စည်းပေးသွင်းသူ၏ စက်ရုံတွင်  တနင်္လာနေ့မှာ  ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် လုပ်ငန်း ယာယီရပ်ထားရသဖြင့် တိုယိုတာလည်း ရပ်ထားလိုက်ရခြင်း ဖြစ်သည်။

ဂျပန်မှ စက်ရုံ ၇ ရုံတွင် အင်္ဂါနေ့မှာ ၁၀ လိုင်း ရပ်ထားခဲ့ရပြီး ဗုဒ္ဓဟူးနေ့တွင် ထုတ်လုပ်ရေးလိုင်း ၁၁ အထိ ရပ်နားထားလိုက်ရသည်။
ကြာသပတေးနေ့တွင် စက်ရုံတရုံ အလုပ်ပြန်စနိုင်ခဲ့သော်လည်းသောကြာနေ့တွင် နောက်ထပ် စက်ရုံ ၂ရုံမှာ ပစ္စည်းပြတ်လပ်သဖြင့် ရပ်နားလိုက်ရသည်။
ယခုအခါ စက်ရုံ ၈ ရုံမှ ထုတ်လုပ်ရေးလိုင်း စုစုပေါင်း ၈  လိုင်း ရပ်ထားရသည်။
အစောဆုံးအနေဖြင့် အောက်တိုဘာလ ၂၃ ရက်ကျမှ အလုပ်ပြန်စနိုင်လိမ့်မည်ဟု တိုယိုတာက ကြေညာသည်။  

တိုယိုတာထံ ပစ္စည်းပေးသွင်းသည့် Chuo Spring Co ၏ စက်ရုံတွင် မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 
Chuo Spring က တရုတ်ပြည်မှ စက်ရုံတွင် အရေးပေါ် ထုတ်လုပ်မှု စတင်ခဲ့သည်။ ပစ္စည်းများ ထုတ်လုပ်ပြီးလျှင် လေကြောင်းဖြင့် ဂျပန်သို့ ပို့ပေးမည် ဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော စက်ရုံမှ မထိခိုက်သည့် ထုတ်လုပ်ရေးလိုင်းတခုကို တိုယိုတာ၏ အကူအညီဖြင့် လုပ်ငန်းပြန်စ နိုင်ခဲ့သည်။ ထို့ပြင် ဂျပန်မှ အခြားစက်ရုံတခုတွင်လည်း ထုတ်လုပ်ရန် စီစဉ် ဆောင်ရွက်နေသည်။

တိုယိုတာ လုပ်ငန်းစုသည် ဂျပန်တွင် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ ၁၄ ခု ရှိပြီး တရက်လျှင် ကားအစီးရေ ၁၄,၀၀၀ ထုတ်လုပ်သည်။
ယခု ရပ်နားထားသည့် ထုတ်လုပ်ရေး လိုင်းများတွင် Corolla နှင့်  RAV4 SUV များ ထုတ်လုပ်လျက် ရှိသည်။

တိုယိုတာသည် အချိန်ကိုက် ထုတ်လုပ်မှု  just-in-time manufacturing ကို ကျင့်သုံးသည်။ လိုအပ်သည့် ပစ္စည်းများကို ပေးသွင်းသူများထံမှ အချိန်ကိုက် ရယူသည်။ အပိုအလျှံ ရယူ သိုလှောင်ထားခြင်း မပြုသဖြင့် ပေးသွင်းသူ ထိခိုက်လျှင် တိုယိုတာ ထုတ်လုပ်မှုတွင် ပစ္စည်းပြတ်သဖြင့် ကားထုတ်လုပ်မှု ရပ်နားထားရသည်။


Source  KYODO
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 5201 times