တိုယိုတာ ယခုဘဏ္ဍာနှစ်အတွက် အသားတင်အမြတ် ကြိုတင်ခန့်မှန်းချက် တိုးမြှင့် သတ်မှတ်


တိုယိုတာ ယခုဘဏ္ဍာနှစ်အတွက် အသားတင်အမြတ် ကြိုတင်ခန့်မှန်းချက် တိုးမြှင့် သတ်မှတ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Toyota Motor သည် ၂၀၂၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လတာအတွင်း အသားတင်အမြတ်ငွေ ယန်း ၃.၉၄ ထရီလီယံ (ကန်ဒေါ်လာ ၂၆.၆ ဘီလီယံ) ရရှိကြောင်း အစီရင်ခံတင်ပြခဲ့သည်။ 

ဟိုက်ဘရစ်ကားများ ရောင်းချမှု အားကောင်းနေခဲ့သဖြင့် ဝင်ငွေနှင့် အမြတ် မြင့်တက်သည်။ 

 

 မတ်လတွင် ကုန်ဆုံးမည့် ယခုဘဏ္ဍာနှစ်အတွက် အသားတင်အမြတ် ကြိုတင်ခန့်မှန်းချက်ကို ယခင်က ယန်း ၃.၉၅ ထရီလီယံဟု သတ်မှတ်ခဲ့ရာမှ ယခုအခါ၌ ယန်း ၄.၅ ထရီလီယံဟု တိုးမြှင့်သတ်မှတ်လိုက်သည်။ 

 

အသားတင်အမြတ် ရလဒ်ကို ကြေညာပြီးနောက် တိုယိုတာ၏ ရှယ်ယာဈေးနှုန်းများ ၄.၈% မြင့်တက်သွားသည်။ ဈေးကွက်တန်ဖိုး ယန်း ၅၀ ထရီလီယံသို့ ရောက်ရှိသွားသည်။ ယခင်လအထိ အမြင့်ဆုံးစံချိန် ၄၈.၇ ထရီလီယံထက် သာလွန်သွားပြီး စံချိန်သစ် တင်သည်။ 

 

Toyota သည် ယခုဘဏ္ဍာရေးနှစ်အတွက် ရောင်းအားခန့်မှန်းချက်ကို ယခင်ခန့်မှန်းချက်ထက် ၁၅၀,၀၀၀ လျော့နည်းကာ ကားအစီးရေ ၉.၅ သန်းသို့ လျှော့ချထားသည်။ အဓိကအားဖြင့် ဂျပန်နိုင်ငံရှိ ၎င်း၏ Daihatsu သည် ကားများ တင်ပို့ရောင်းချမှု ရပ်ဆိုင်းထားခြင်းကြောင့် ဖြစ်သည်။

 


 

ဒိုင်ဟက်စု ဂျပန်မှ ကားစက်ရုံများ ဇန်နဝါရီ လကုန်အထိ ထုတ်လုပ်မှု ရပ်ထားရန် ဆုံးဖြတ်

https://www.automobiledirectory.com.mm/article/toyotas-daihatsu-halt.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

 

Source Asia Nikkei 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 160 times