ဂျပန်မှ တိုယိုတာ ကားစက်ရုံများ ထုတ်လုပ်မှု အရေးပေါ် ရပ်ဆိုင်း


ဂျပန်မှ တိုယိုတာ ကားစက်ရုံများ ထုတ်လုပ်မှု အရေးပေါ် ရပ်ဆိုင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တိုယိုတာမော်တော်ကော်ပိုရေးရှင်းသည် ၎င်ထုတ်လုပ်မှုစနစ် ချို့ယွင်းမှုကြောင့် ဂျပန်နိုင်ငံရှိ ကားစက်ရုံများတွင် အင်္ဂါနေ့(ဩဂုတ် ၂၉)တွင် လုပ်ငန်းလည်ပတ်မှု အရေးပေါ် ရပ်ဆိုင်းထားလိုက်ရသည်။ ပြည်တွင်းထုတ်လုပ်မှု အားလုံးနီးပါး ရပ်တန့်သွားဖွယ်ရှိသည်ဟု တိုယိုတာက ကြေညာသည်။

အဆိုပါ ပြဿနာ ဖြစ်ပွားရခြင်း အကြောင်းအရင်းကို ရှာဖွေနေကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုရေးတာဝန်ခံက ပြောကြားသည်။ ၎င်းက "ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဖြစ်ဖွယ်မရှိ" ဟု ၎င်းက ပြောသည်။ 

Toyota ၏ ပြည်တွင်း တပ်ဆင်ရေး စက်ရုံ နှစ်ခုဖြစ်သည့်  Fukuoka စီရင်စု တောင်ပိုင်းရှိ Miyata စက်ရုံ နှင့် Toyota ၏ Daihatsu မှ လည်ပတ်သော ကျိုတို စက်ရုံတို့မှ လွဲ၍ ကျန်စက်ရုံများ အားလုံးရပ်ဆိုင်းထားကြောင်း ၎င်းက ပြောကြားသည်။
 ဂျပန်တွင် တိုယိုတာ ကားစက်ရုံ ၁၄ ရုံရှိပြီး တိုယိုတာ စုစုပေါင်း ထုတ်လုပ်သည့် အစီးရေ၏ သုံးပုံတပုံ ဝန်းကျင်ကို ထုတ်လုပ်ပေးသည်။
တစ်ရက်တာ ပြတ်တောက်မှုကြောင့် ကားအစီးရေ ၁,၃၀၀၀ ဝန်းကျင် ထုတ်လုပ်မှု လျော့ကျသည်။
တိုယိုတာသည် ကမ္ဘာပေါ်တွင် ကားအရောင်းရဆုံး ထုတ်လုပ်သူ ဖြစ်သည်။

အင်္ဂါနေ့ နံနက်ပိုင်းမှ စတင်၍ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားခဲ့ပြီး မည်သည့်အချိန် ပြန်လည်စတင်နိုင်မည် ဆိုသည်ကို မသိနိုင်သေးပေ။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 6099 times