အိန္ဒိယတွင် တိုယိုတာ ထူးထူးကဲကဲ ရောင်းအားမြင့်တက်


အိန္ဒိယတွင် တိုယိုတာ ထူးထူးကဲကဲ ရောင်းအားမြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယနိုင်ငံမှ တိုယိုတာလုပ်ငန်းခွဲ Toyota Kirloskar Motor  (TKM) သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ၂၄,၆၀၉ စီး ပေးပို့ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ၁၂,၃၈၅ စီး ပေးပို့ခဲ့သည်ထက် ၉၂% ပိုများခဲ့ပြီး တလတာ ပေးပို့အစီးရေ စံချိန်တင် မြင့်တက်ခဲ့ပါသည်။ 

 

၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံ ပြည်တွင်းမှာ ၂၃,၁၉၇ စီး ရောင်းချခဲ့ပြီး အိန္ဒိယနိုင်ငံတွင် တပ်ဆင် ထုတ်လုပ်သည့် Urban Cruiser Hyryder ၁,၄၁၂ စီးကို ပြည်ပသို့ တင်ပို့ခဲ့ပါသည်။ 

 

တိုယိုတာသည် အိန္ဒိယနိုင်ငံတွင် MPV နှင့် SUV ကားများ ရောင်းအားခိုင်မာသည်။ 

 Innova Hycross, Urban Cruiser Hyryder, Innova Crysta, Fortuner, Legender တို့ အဝယ်များကြသည်ဟု TKM မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 Camry Hybrid, Glanza, Hilux, Vellfire, Rumion တို့လည်း ရောင်းအား မြင့်တက်သည်ဟု ဆိုပါသည်။

 

 တိုယိုတာထံ အင်ဂျင်ပေးသွင်းသည့် ကုမ္ပဏီတွင် အင်ဂျင်စစ်ဆေးမှု ခံယူရာ၌ မှန်မှန်ကန်ကန် မဖြစ်သဖြင့် တိုယိုတာက မော်ဒယ်အချို့  ပေးပို့ခြင်းကို ရပ်ဆိုင်းထားရန် ညွှန်ကြားထားသောကြောင့် TKM သည် Innova Crysta, Fortuner, Hilux မော်ဒယ် ၃ ခု ပေးပို့ခြင်း ယာယီရပ်ဆိုင်းထားပါသည်။ 


 

အင်ဂျင် အသိအမှတ်ပြုလက်မှတ် ပြဿနာများကြောင့် မော်ဒယ်အချို့  တင်ပို့မှု တိုယိုတာ ရပ်ဆိုင်းထား

https://www.automobiledirectory.com.mm/article/toyota-halts-some-models.html

 အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

Source economictimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 275 times