အင်ဂျင် အသိအမှတ်ပြုလက်မှတ် ပြဿနာများကြောင့် မော်ဒယ်အချို့  တင်ပို့မှု တိုယိုတာ ရပ်ဆိုင်းထား


အင်ဂျင် အသိအမှတ်ပြုလက်မှတ် ပြဿနာများကြောင့် မော်ဒယ်အချို့  တင်ပို့မှု တိုယိုတာ ရပ်ဆိုင်းထား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Toyota Motor သည် ၎င်း၏လုပ်ငန်းခွဲ Toyota Industries မှ ထုတ်လုပ်သော ဒီဇယ်အင်ဂျင်များအတွက် အသိအမှတ်ပြု လက်မှတ် ရရှိရန် စစ်ဆေးမှု ခံယူရာတွင် မမှန်မကန်လုပ်ရပ် တွေ့ရှိခဲ့ပြီးနောက် မော်ဒယ်အချို့ တင်ပို့ရောင်းချမှုကို ဆိုင်းငံ့ထားကြောင်း Toyota Motor မှ ကြေညာခဲ့သည်။

အထူး စုံစမ်းစစ်ဆေးရေး ကော်မတီသည် ဒီဇယ်အင်ဂျင် မော်ဒယ်များကို ထောက်ခံချက်အတွက် မြင်းကောင်ရေ ထွက်ရှိမှု စမ်းသပ်ရာ၌ မမှန်မကန်လုပ်ရပ် တွေ့ရှိခဲ့ကြောင်း၊၊ ၎င်းအင်ဂျင်များကို Toyota Industries မှ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း တိုယိုတာ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ 

Toyota Industries တွင် ရှယ်ယာ ၂၅% ကို တိုယိုတာက ပိုင်ဆိုင်သည်။ 

 

 "ဒီကိစ္စကို ကုမ္ပဏီက အာဏာပိုင်တွေကို သေသေချာချာ ပြည့်ပြည့်စုံစုံ ရှင်းပြမှာဖြစ်ပြီး လိုအပ်ပါက ကြီးကြပ်သူများ ရှေ့မှောက်မှာ အင်ဂျင် စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ပါမယ်"ဟု တိုယိုတာက ပြောကြားသည်။ 

 

Toyota Industries သည် ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ပြဿနာတက်နေသော မော်တော်ကားအင်ဂျင် ၈၄၀,၀၀  ခန့်ကို တိုယိုတာထံ ရောင်းချခဲ့သည်။

အဆိုပါ အင်ဂျင်များသည် အင်ဂျင်စွမ်းဆောင်ရည်အတွက် ထုတ်လုပ်မှု စံနှုန်းများနှင့် ကိုက်ညီကြောင်း တိုယိုတာက ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

 

မြင်းကောင်ရေအား စမ်းသပ်ရာတွင် အသုံးပြုသည့် အင်ဂျင်နှင့်အတူ သုံးစွဲသော အီလက်ထရွန်းနစ် ထိန်းချုပ်မှု အစိတ်အပိုင်းသည် ရောင်းချသည့် ကားများမှာ အီလက်ထရွန်းနစ် ထိန်းချုပ်မှု အစိတ်တ်အပိုင်းနှင့် မတူကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ 

 

၎င်းအင်ဂျင်များ သုံးစွဲထားသည့် မော်ဒယ် ၁၀ ခုရှိပြီး Hiace ဗင်၊ Fortuner SUV, Innova multipurpose vehicle (MPV) , Lexus LX500D SUV တို့ ပါဝင်ကြောင်း တိုယိုတာက ပြောကြားသည်။ 

 

Source japantimes


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 262 times