Toyota က တရုတ်ဈေးကွက်တွင် တန်ဖိုးသင့် အီးဗီများဖြင့် ယှဉ်ပြိုင်မည်


Toyota Motor Corp. က တရုတ်ပြည်တွင်းဈေးကွက်ကို ဈေးနှုန်း အလယ်အလတ်ဖြင့် တန်ဖိုးသင့် အီးဗီများ ထုတ်လုပ်ပြီး ဈေးကွက်ဝေစု ရယူသိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်မည် ဖြစ်သည်။
အီးဗီနည်းပညာပိုင်းတွင် Toyota ထက် ရှေ့ကို ရောက်နေသော တရုတ်ကားလုပ်ငန်း BYD နှင့် စီးပွားဘက်ပြုကာ အီးဗီများ ထုတ်လုပ်မည်။ ထိုင်သည့်နေရာ ပိုကျယ်ပြီး တန်းဖိုးသင့် အီးဗီများကို တရုတ်ပြည်တွင်းဈေးကွက်တွင် လာမည့်နှစ် ၂၀၂၂ တွင် စတင်ရောင်းချရန် အစီအစဉ် ရေးဆွဲထားသည်။

ရိုက်တာသတင်းဌာနမှ သတင်းတစ်ခုတွင် ဖော်ပြထားသည်မှာ ကားဝယ်စီးသူတို့အား ဈေးနှုန်းအရ တွက်ခြေကိုက်ပြီး သက်သောင့်သက်သာ ရှိစေမည့် အီးဗီများကို တရုတ်ဈေးကွက်အတွက် ဦးတည်ထုတ်လုပ်မည်။

Toyota Motor Corp.၏ ကမ္ဘာ့အရောင်းရဆုံး ကား ဖြစ်သော Toyota Corolla ထက် အရွယ်အစား အနည်းငယ် ပိုကြီးသည်။ “နောက်ဘက်ထိုင်ခုံ နေရာပိုကျယ်သော ကိုရိုလာ” ဟု တင်စားပြောဆိုသည့်ကား ဖြစ်သည့် EV BZ ကားနမူနာကို ၂၀၂၂ ဧပြီလတွင် ကျင်းပမည့် ဘီဂျင်းကားပြပွဲတွင် ပွဲထုတ်ပြသမည်။  BZ သည် Beyond Zero ကို ဆိုလိုသည်။ ပတ်ဝန်းကျင်လေထု ညစ်ညမ်းသော အိပ်ဇောမှ စွန့်ထုတ်ခြင်း သုည(ဝါ) ဇီးရိုး ဖြစ်ခြင်း၏ ဟိုမှာဘက် ဟု ဆိုလိုသည်။
ဈေးနှုန်းမှာ 200,000 yuan ($30,000) ဝန်းကျင် ဖြစ်မည်ဟု သတင်းထွက်ပေါ်သည်။ ပရီမီယံ အီးဗီများ ဖြစ်ကြသည့် Tesla  Model Y သည်  စက်တင်ဘာလ ၁၁ ရက် ၂၀၂၁ မှစ၍  10,000 yuan ($1,552) ဈေးတက်ခဲ့သဖြင့် ယခုအခါ စက်ရုံထုတ်ဈေး 387,900 yuan ($60,200) ဖြစ်သည်။ Nio ES6  မှာ 358,000 မှ 548,000 yuan အထိ ဖြစ်သည်။ သို့ဖြစ်ရာ ပရီမီယံ အီးဗီအတန်းအစားကို မရည်ရွယ်ထားပေ။ တရုတ်ပြည်တွင်းမှာ အလွန်ဈေးချိုသော အီးဗီဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄,၅၀၀ အနိမ့်ဆုံးဈေးဖြင့် ရောင်းချသည့် Hong Guang Mini EV ထက် ဈေးပိုများမည် ဖြစ်သည်။

လျှပ်စစ်ကားတွင် BYD မှ ထုတ်လုပ်သော lithium-ion-phosphate (LFP) Blade ဘက်ထရီကို သုံးစွဲမည် ဖြစ်သည်။

 

BYD မှ ထုတ်လုပ်သော lithium-ion-phosphate (LFP) Blade ဘက်ထရီ

 

အီးဗီများသည် ဘက်ထရီကို ကားကြမ်းပြင်တွင် တပ်ဆင်ထားသည်ဖြစ်ရာ၌ လူထိုင်စီးသည့် နေရာကို ဖဲ့ယူထားကြသည်။ သို့ဖြစ်ရာ လူစီးသည့်နေရာကို အမိုးနှင့် ကြမ်းပြင်ကြား အကွာအဝေး လျော့ကျနေစေသည်။ အီးဗီ SUV တို့တွင် ဘက်ထရီကြောင့် လျော့ကျသွားသည့် အကွာအဝေးကို ပြန်ထေမိအောင် အမိုးကို ပြန်မြှင့်ပေးထားသော်လည်း အခြားကားအမျိုးအစားတို့တွင် မသိကျိုးကျွန်ပြုထားကြလေ့ရှိသည်။ 
Blade ဘက်ထရီသည် အထူ ၁၀ စင်တီမီတာမျှသာ ရှိသည်။ ပုံမှန်  lithium-ion ဘက်ထရီများထက် 5~10  စင်တီမီတာ လျော့နည်းသည်။


နိုင်ငံတကာ ဈေးကွက်အတွက် ထုတ်လုပ်မယ့်
Toyota BZ4X အကြောင်း ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

Toyota BZ4X အကြောင်း အချက် (9) ချက်

 

Read 13031 times