Toyota Camry ဂျပန်ထုတ်လုပ်မှု ရပ်မည့်ရက် ကြေညာ


Toyota Camry ဂျပန်ထုတ်လုပ်မှု ရပ်မည့်ရက် ကြေညာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Toyota Camry ကို ဂျပန်နိုင်ငံမှာ ထုတ်လုပ်မှု ရပ်ဆိုင်းတော့မှာ ဖြစ်ပြီး Toyota Camry 2024 မော်ဒယ်ကို ဆက်လက်ထုတ်လုပ်သွားမှာ ဖြစ်ပါသည်။ 
.
ယခုနှစ်ကုန် နောက်ဆုံးထားပြီး Camry ကို ဂျပန်နိုင်ငံမှာ ထုတ်လုပ်မှု ရပ်ဆိုင်းတော့မှာ ဖြစ်ကြောင်း Toyota က အတည်ပြုပြောကြားပါသည်။ အရွယ်အစား အလယ်အလတ်ဖြစ်သည့် ဆီဒင်ကား Camry  သည် နှစ်ပေါင်း ၃၀ ကြာ ပြည်ပဈေးကွက်အချို့တွင် အရောင်းရဆုံးကား ဖြစ်ခဲ့သော်လည်း ဂျပန်နိုင်ငံတွင် ရောင်းအား သိသိသာသာကျဆင်းလာခဲ့သဖြင့် ဂျပန်ပြည်တွင်းဈေးကွက်အတွက် Camry ကို ဂျပန်နိုင်ငံတွင် ထုတ်လုပ်နေခြင်းကို ရပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ 
.
Toyota ၏ ဂျပန်နိုင်ငံအတွက် ဂျပန်ဘာသာစကားသုံး ဝဘ်ဆိုက်တွင်  ၂၀၂၃ ဒီဇင်ဘာလ အနှောင်ပိုင်းတွင် Camry ကို ထုတ်လုပ်မှု ရပ်တော့မည် ဖြစ်ကြောင်း နို့တစ် တင်ပြထားပါသည်။ 
.
မတ်လတွင်  Nikkei Asia သတင်းမီဒီယာမှ Camry သည် ရောင်းအားမကောင်းသဖြင့် ဂျပန်နိုင်ငံတွင် ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သတင်းဖော်ပြခဲ့သည်ကို Myanmar Automobile Guide တွင် ဖော်ပြခဲ့ပါသည်။ 


Toyota က (၄၃) နှစ်ကြာ ရပ်တည်လာခဲ့သည့် Camry ကို ဂျပန်တွင် ရောင်းချမှု ရပ်ဆိုင်းမည်

https://www.automobiledirectory.com.mm/article/toyota-ended-camry-sales-in-japan.html


Camry အတွက် သုံးစွဲနေသည့် ထုတ်လုပ်လုပ်ရေးလိုင်းကို အမေရိကန်နှင့် ဩစတေးလျ  အပါအဝင် ပြည်ပဈေးကွက်အတွက် ကားမော်ဒယ်ကို ထုတ်လုပ်ရန် အတွက် သုံးစွဲမည် ဖြစ်သည်။ 
.
Camry  မျိုးဆက်သစ် ၂၀၂၄ မော်ဒယ်ကို ၂၀၂၄ နှစ်လယ်ပိုင်းတွင် ထုတ်လုပ်ရန် လျာထားပါသည်။ ဓျပန်ပြည်တွင်းဈေးကွက်တွင် ရောင်းချခြင်း မပြုဘဲ ပြည်ပဈေးကွက်များတွင်သာ ရောင်းချပေးသွားမည် ဖြစ်သည်။ 

Camry မော်ဒယ်များကို  အမေရိကန်၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ထိုင်ဝမ် တို့တွင် ထုတ်လုပ်လျက် ရှိပါသည်။ ဂျပန်မှာ ထုတ်လုပ်သည့် Camry များတွင် အချို့အဝက်ကို ပြည်ပသို့ တင်ပို့ပါသည်။ 
Source drive

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 284 times