Toyota က bZ4X  ကို ကုမ္ပဏီက ပြန်ဝယ်ရန် ကမ်းလှမ်း


Toyota က bZ4X  ကို ကုမ္ပဏီက ပြန်ဝယ်ရန် ကမ်းလှမ်း

ဇွန်လမှာ Toyota က bZ4X မော်ဒယ် အီးဗီရဲ့ ဘီးများ ကျွတ်ထွက်နိုင်ဖွယ် ရှိနေလို့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။

bZ4X ကားအားလုံး အကျုံးဝင်သော်လည်း bZ4Xs ကားစတင်ရောင်းချခါစ ဖြစ်နေလို့ ပြန်ခေါ်သိမ်းရမယ့် စီးရေက ၂,၇၀၀ ဝန်းကျင်မျှသာ ရှိပါတယ်။ တချို့ကားတွေက အရောင်းကိုယ်စားလှယ်ထံမှာပဲ ရှိပါသေးတယ်။ ကြိုတင်မှာကြားဝယ်ယူသူများထံ မပေးပို့ရသေးပါဘူး။

Toyota ရဲ့ အီးဗီများ ဘီးများ ကျွတ်ထွက်နိုင်သဖြင့် ပြန်လည်ခေါ်ယူ

ပြန်လည်ခေါ်ယူတဲ့ ပြဿနာအတွက် Toyota ‌က ဘယ်နည်းဘယ်ပုံ ဖြေရှင်းပေးမယ်ဆိုတာကို ယာဉ်ပိုင်ရှင်များထံ စာပို့ပြီး အသိပေးပါတယ်။

 2023 Toyota bZ4X ကို ဘေးကင်းရေးအတွက် ပြန်လည်ခေါ်ယူ ထားပြီး မပြုပြင်ရသေးခင်မှာ ကားကို မမောင်းဖို့ ညွှန်ကြားခဲ့ပါကြောင်း စာမှာ ဖော်ပြထားပါတယ်။

 ဘယ်လို ပြင်ပေးလိုက်ရင် ရမလဲဆိုတာ အပန်တကုတ် ကြိုးပမ်းဆောင်ရွက်နေပြီး နည်းလမ်းရရှိလာတဲ့အခါ အကြောင်းကြားမှာ ဖြစ်ကြောင်း စာမှာ ဖော်ပြထားပါတယ်။

Toyota က ဘေးကင်းရေး ဦးထိပ်ပန်ဆင် ထားပါတယ်။ သင့်ရဲ့ကား ပြန်မအပ်ရသေးဘူးဆိုရင် ကျေးဇူးပြု၍ Toyota တရားဝင်အရောင်းကိုယ်စားလှယ်ထံ ဆက်သွယ်ပေးပါ။ ကားကို လာယူပြီး သိမ်းထားပေးပါလိမ့်မယ်။ ကုန်ကျစရိတ် အခမဲ့ ဖြစ်ပါတယ်။ ပြုပြင်ထိန်းသိမ်းနည်းကို ရရှိသည်အထိ သိမ်းဆည်း ပေးထားပါမယ်လို့ စာမှာ အသိပေးထားပါတယ်။

ကားပြန်အပ်ထားစဉ် စီးဖို့ ကားတစ်စီးကို Toyota က အခမဲ့ စီစဉ်ပေးထားမှာ ဖြစ်ကြောင်းကိုလည်း အသိပေးထားပါတယ်။

ပြုပြင်ထိန်းသိမ်းနည်း မရခင်စပ်ကြား Toyota ရဲ့ ကမ်းလှမ်းချက်များကို စာမှာ ဖော်ပြထားပါတယ်။

• bZ4X ကို ဆက်လက် သိမ်းဆည်းပေးထားမည် ဖြစ်ပြီး စီးစရာ အစားထိုး ကားတစ်စီး ဆက်လက်စီစဉ်ပေးထားမှာဖြစ်ပြီး ကားပိုင်ရှင်မှ ကုန်ကျစရိတ် ကျခံရန် မလိုပါ။

• အစားထိုး ပေးထားတဲ့ကားကို သုံးစွဲစဉ် ကုန်ကျတဲ့ စက်သုံးဆီဖိုးကို Toyota က စိုက်ထုတ်ကျခံပေးမယ်။

• bZ4X ကို ငွေအပြည့်ပေးချေထားတယ် ဆိုရင် ချေးငွေ $5,000 ထုတ်ပေးမယ်။ 

• bZ4X ကို ပြုပြင်ပြီးသွားလို့ အသုံးပြုတဲ့အခါ သတ်မှတ်ထားတဲ့ အားသွင်းရုံတွေမှာ ၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်အထိ အခမဲ့ အားသွင်းပေးမယ်။ 

• မော်တော်ယာဉ်အတွက် အာမခံချက် New Vehicle Limited Warranty သက်တမ်းကို ကားပြန်ရတဲ့အချိန်မှ စတင်ရေတွက်ပေးမယ်။

• အခြားနည်းလမ်း ရွေးချယ်စရာအဖြစ် Toyota က ကားကို ပြန်ဝယ်ယူပေးမယ်။ 

 ဘီးကျွတ်ထွက်နိုင်ဖွယ် ပြဿနာကြောင့် ပြန်လည်ခေါ်ယူတာမှာ Subaru Solterra လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ Solterra က အမေရိကန်ဈေးကွက်မှာ တစ်စီးမှ ဝယ်လက်ထဲ မရောက်သေးပါဘူး။

 #MyanmarAutomobileGuide 

 Telegram Channel https://t.me/Guid4U

Source: Toyota US Sale 

Read 2119 times