Toyota ရဲ့ အီးဗီများ ဘီးများ ကျွတ်ထွက်နိုင်သဖြင့် ပြန်လည်ခေါ်ယူ


Toyota ရဲ့ အီးဗီများ ဘီးများ ကျွတ်ထွက်နိုင်သဖြင့် ပြန်လည်ခေါ်ယူ

Toyota Motor Corp က ကြာသပတေးနေ့(ဇွန်လ ၂၃) မှာ ကမ္ဘာ့ဈေးကွက်အတွက် ပထမဆုံး အမြောက်အမြား ထုတ်လုပ်တဲ့ အီးဗီတွေကို ဘီးကျွတ်ထွက်နိုင်သဖြင့် ပြန်လည်ခေါ်ယူနေပါတယ်။ စီးရေ ၂,၇၀၀ အကျုံးဝင်တယ်လို့ ဆိုပါတယ်။ အဆိုပါ အီးဗီတွေ ထုတ်လုပ်ခဲ့တာ နှစ်လမပြည့်သေးပါဘူး။

ကမ္ဘာ့ဈေးကွက်အတွက် ပထမဆုံး အမြောက်အမြား ထုတ်လုပ်တဲ့ အီးဗီမော်ဒယ်က bZ4X SUV ဖြစ်ပါတယ်။

 ပြန်ခေါ်ယူ စာရင်းမှာ အကျုံးဝင်တဲ့ စီးရေ ၂,၇၀၀ မှာ

  • ဥရောပဈေးကွက်ထဲမှာ စီးရေ ၂,၂၀၀၊
  • အမေရိကန်ဈေးကွက်ထဲမှာ စီးရေ ၂၆၀၊
  • ကနေဒါမှာ ၁၀ စီးနှင့်
  • ဂျပန်မှာ စီးရေ ၁၁၀

တို့ပါဝင်ပါတယ်။

Subaru Corp ကလည်း အလားတူပင် ကြာသပတေးနေ့မှာ Solterra စီးရေ ၂,၆၀၀ ပြန်ခေါ်ထားပါတယ်။ Toyota နှင့် ပူးတွဲလုပ်ကိုင်ထားတဲ့ မော်ဒယ် ဖြစ်ပြီး ဘီးများ ကျွတ်ထွက်နိုင်လို့ ပြန်ခေါ်ရတာ ဖြစ်ပါတယ်။

ကားကွေ့တဲ့အခါ  ဘီးချိုးလှည့်တာ များနေရင်ဖြစ်စေ၊ ရုတ်တရက် ဘရိတ်ဆောင့်အုပ်လျှင်ဖြစ်စေ ဘီးများ အုံလိုက် ကျွတ်ထွက်နိုင်တယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ ဘီးကျွတ်ထွက်တဲ့ အဖြစ်ကို ကြုံရတာတော့ မရှိသေးပါဘူး။

 ဂျပန်မှာ ပြန်ခေါ်ယူတဲ့ ကားစီးရေ ၁၁၀ က ကားစီးမယ့်သူတွေလက်ထဲ မရောက်သေးပါဘူး။ အစမ်းမောင်းကြည့်ဖို့နှင့် နမူနာပြသထားဖို့အတွက် ထားရှိတဲ့ကားတွေ ဖြစ်ပါတယ်။

Subaru Corpပြန်ခေါ်ယူတဲ့ ကားတွေ အကုန်လုံး အမေရိကန်မှ အရောင်းကိုယ်စားလှယ်များရဲ့ လက်ထဲမှာပဲ ရှိပါသေးတယ်။

#MyanmarAutomobileGuide 

Telegram Channel

https://t.me/Guid4U/280

https://t.me/Guid4U

Read 4047 times