၃ လတာ ကမ္ဘာ့အရောင်းရဆုံး အီးဗီ ကားကုမ္ပဏီများနှင့် မော်ဒယ်များ


၃ လတာ ကမ္ဘာ့အရောင်းရဆုံး အီးဗီ ကားကုမ္ပဏီများနှင့် မော်ဒယ်များ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

စျေးကွက်သုတေသနအေဂျင်စီ Counterpoint Research ၏နောက်ဆုံးအစီရင်ခံစာအရ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ် အိမ်စီးကားများ ရောင်းအားသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၂% သိသိသာသာ တိုးမြင့်လာခဲ့သည်။
အချိုးချကြည့်ပါက ကား ၇ စီးရောင်းရလျှင် ၁ စီးသည် အီးဗီ ဖြစ်သည်။ 

အစီရင်ခံစာတွင် အီးဗီဟု ဆိုထားရာ၍ ဘက်ထရီသက်သက်ဖြင့်သာ မောင်းနှင်သည့် battery electric vehicle (BEV) နှင့် ပလပ်ထိုး အားသွင်းပြီး ဘက်ထရီနှင့် ဓာတ်ဆီအင်ဂျင် နှစ်မျိုးသုံး  plug-in hybrid electric vehicle (PHEV)  တို့ကို ဆိုလိုပါသည်။ 

၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ရောင်းချခဲ့သည့် အီးဗီများတွင် ၇၃% သည် BEV များ ဖြစ်ပါသည်။ ကျန်သည့် ၂၇% သည် PHEV များ ဖြစ်ပါသည်။ 
ကမ္ဘာ့အီးဗီ ရောင်းအားတွင် ၅၆% သည် တရုတ်ပြည်တွင်း ရောင်းအား ဖြစ်ပါသည်။ 
တရုတ်ပြည်သည့် ကမ္ဘာ့အကြီးဆုံး အီးဗီဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါသည်။ အိမ်စီးကားအမျိုးမျိုး ရောင်းအားမှာ ယမန်နှစ် အလားတူကာလထက် ၁၂% ကျဆင်းခဲ့သော်လည်း အီးဗီရောင်းအားသည် ၂၉% မြင့်တက်ခဲ့ပါသည်။  

၂၀၂၃ ခုနှစ် ပထမ ၃ လပတ်တွင် ထူးခြားချက် တစ်ချက်မှာ အမေရိကန်သည် ဂျာမနီထက် အီးဗီရောင်းအား သာလွန်သွားခဲ့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး အီးဗီဈေးကွက် ဖြစ်လာပါသည်။ 
ယမန်နှစ် အလားတူကာလထက် အီးဗီရောင်းအား ၇၇% မြင့်တက်ခဲ့ပါသည်။ 

အရောင်းရဆုံး ထိပ်တန်း (၁၀) အီးဗီမော်ဒယ်များ၏ ရောင်းအားသည် ကမ္ဘာ့ အိမ်စီးအီးဗီရောင်းအား စုစုပေါင်း၏ ၃၇% ရှိပါသည်။ 

 Tesla Model Y သည် ကမ္ဘာ့အရောင်းရဆုံး အီးဗီ အဖြစ် ဆက်လက်ရပ်တည်ပါသည်။ ဒုတိယနေရာတွင် Tesla Model 3 နှင့် တတိယနေရာတွင် BYD Song တို့ ရှိနေပါသည်။ 

 

 

ထိပ်တန်း အီးဗီထုတ်လုပ်သူများတွင် BYD သည် စျေးကွက်ဝေစု ၂၁.၁၀% ဖြင့် ထိပ်တန်းနေရာကို ရယူထားသည်။ 
Tesla က ၁၆.၀၁%ဖြင့် ဒုတိယနေရာ ရရှိသည်။ 
Tesla က လျှပ်စစ်ကားစစ်စစ် BEV ဖြင့်သာ ဈေးကွက်ဝေစုကို ရယူခြင်း ဖြစ်ပြီး  BYD သည်   BEV  အပြင် PHEV လည်း ပါဝင်ပါသည်။ 
Volkswagen က ၆.၈၈% နှင့်  Geely က ၅.၈၆% ဈေးကွက်ဝေစု ရရှိပါသည်။ 

 

 

၂၀၂၃ ခုနှစ် ပထမ ၃ လပတ်တွင်  နောက်ထပ် ထူးခြားချက်မှာ Tesla ၏ Model Y သည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ထူးထူးခြားခြား အောင်မြင်မှုရရှိခဲ့ပြီး ကမ္ဘာ့အရောင်းရဆုံး Toyota Corolla ထက် ရောင်းအားသာလွန်ခဲ့ပါသည်။ Toyota Corolla သည် ဓာတ်ဆီအင်ဂျင်ကား ဖြစ်ပါသည်။ 


Model Y က RAV4 နှင့် Corolla ကို ကျော်တက်နိုင်ခဲ့
https://www.automobiledirectory.com.mm/article/model-y-rav4-corolla.html


 

Source: Counterpoint; iThome; Dongchedi

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 465 times