Model Y က RAV4 နှင့် Corolla ကို ကျော်တက်နိုင်ခဲ့


Model Y က RAV4 နှင့် Corolla ကို ကျော်တက်နိုင်ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Tesla ၏ CEO ဖြစ်သူ Elon Musk သည် Model Y သည် ကမ္ဘာ့အရောင်းရဆုံး ကားဖြစ်လာမည်ဟု ယခင်က ပြောကြားခဲ့ဖူးသည်။
ယခု သူ့စကား မှန်ကြောင်း လက်တွေ့ပြသနိုင်ပြီ ဖြစ်သည်။

Tesla ၏ Model Y သည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်အတွက် ကမ္ဘာတစ်လွှား ရောင်းအားသည် Toyota ၏ RAV4 နှင့် Corolla မော်ဒယ်များကို ကျော်လွန်ကာ ကမ္ဘာ့အရောင်းရဆုံးကား ဖြစ်လာခဲ့သည်။

Jato Dynamics မှ အချက်အလက်များအရ Tesla သည် ပထမသုံးလပတ်အတွင်း Model Y ၏ တစ်ကမ္ဘာလုံးတွင် အစီးရေ ၂၆၇,၂၀၀ ရောင်းချခဲ့ရကြောင်း ဖော်ပြသည်။
Corolla က အစီးရေ ၂၅၆,၄၀၀၊ RAV4 က အစီးရေ ၂၁၄,၇၀၀ ရောင်းချခဲ့သည်။

Model Y ၏ ဈေးနှုန်းက ဒေါ်လာ ၄၇,၄၉၀ ဖြင့် စတင်ပါသည်။ Corolla ($21,550) နှင့် RAV4 ($27,575) တို့ထက် ဈေးပိုကြီးပါသည်။

Model Y သည် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက် အခြေခံအဆောက်အအုံ ကောင်းနေမှ စီးဖို့ အဆင်ပြေသည့် ကားမျိုး ဖြစ်ပါသည်။

အီလွန်မတ်စ်က Model Y ဝယ်လိုအားသည် တစ်နှစ်လျှင် အစီးရေ ၅ သိန်းမှ ၁ သန်းအထိ ရှိလာမည်ဟု ပြောကြားခဲ့ဖူးပါသည်။
 
အမေရိကန်ဈေးကွက်သည် Tesla အတွက် အဓိက ဈေးကွက်တစ်ခုဖြစ်ပြီး အမေရိကန်တွင် ထုတ်လုပ်သော အီးဗီများတွင်  Model Y  ရောင်းအား အကောင်းဆုံး မော်ဒယ် ဖြစ်ပါသည်။ 

အမေရိကန် အီးဗီ ဈေးကွက်တွင် Ford၊ General Motors၊ Stellantis၊ Volkswagen နှင့် Hyundai တို့သည် Tesla ကို အမီလိုက်ဖို့ အခက်အခဲ အမျိုးမျိုး ရှိနေကြဆဲ ဖြစ်ပါသည်။

#AutomobileGuide 
Source Jato Dynamics
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 713 times