ထိုင်းမော်တော်ဆိုင်ကယ် ထုတ်လုပ်မှု ယခင်အတိုင်း ဆက်လက်လျာထား


ထိုင်းမော်တော်ဆိုင်ကယ် ထုတ်လုပ်မှု ယခင်အတိုင်း ဆက်လက်လျာထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries (FTI) သည် ယခုနှစ်အတွက် မော်တော်ယာဉ် ထုတ်လုပ်မှု လျာထားချက်ကို ၂ ကြိမ်တိုင်တိုင် လျှော့ချခဲ့သော်လည်း မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုကို ယခင်လျာထားချက်အတိုင်း အစီးရေ ၂.၁ သန်း ထုတ်လုပ်ရန် ရည်မှန်းထားသည်။
မော်တော်ဆိုင်ကယ် ဝယ်ယူရန် ဘဏ်ချေးငွေကို တင်းကျပ်ထားသဖြင့် ရောင်းအားကျဆင်းနေပြီး ထုတ်လုပ်မှုသည် စက်တင်ဘာလတွင် ယမန်နှစ်ကထက် ၂၀% နီးပါး လျော့နည်းခဲ့သည်။


ယခင်တင်ပြချက်

ထိုင်း ကားထုတ်လုပ်မှု လျှော့ချ လျာထား

https://www.automobiledirectory.com.mm/article/lowers-vehicle-production.html


 

ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ပြည်တွင်းရောင်းအားအတွက် မော်တော်ဆိုင်ကယ် အစီးရေ ၁ ဒသမ ၇၅ သန်းနှင့် ပြည်ပသို့ တင်ပို့ရန်အတွက် အစီးရေ ၃ သိန်းခွဲ  ထုတ်လုပ်ရန် မျှော်မှန်းထားသည်။

အိမ်ထောင်စုကြွေးမြီသည် တိုင်းပြည် GDP ၏ ၉၀% ထက်ကျော်လွန်နေသောကြောင့် ဘဏ်များသည် အကြွေးပြန်မဆပ်သည့် ဖြစ်ရပ်များကို ရှောင်ရှားရန် ကားနှင့် မော်တော်ဆိုင်ကယ်တို့ ဝယ်ယူရန် ချေးငွေကို အထူးသတိထားပြီး ကိုင်တွယ်နေကြသည်။


ခရီးသွားရာသီ ကျရောက်ခြင်း၊ စပါးအသစ်‌ေပါ်သည့် ရာသီလည်း ဖြစ်သဖြင့် စပါးရိတ်သိမ်းပြီးနောက် ရောင်းချကာ လယ်သမားများ ဝင်ငွေတိုးမည် ဖြစ်သဖြင့်  မော်တော်ဆိုင်ကယ်များ တိုးမြှင့်ရောင်းချနိုင်မည်ဟု မျှော်လင့်ရကြောင်း FTI ၏ ဒုဥက္ကဋ္ဌနှင့် FTI ၏ မော်တော်ကားလုပ်ငန်းကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။


Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 294 times