ထိုင်း ကားထုတ်လုပ်မှု ဆက်လက်လျော့ကျ


ထိုင်း ကားထုတ်လုပ်မှု ဆက်လက်လျော့ကျ

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ပြည်တွင်း၌ ရောင်းအား ကျဆင်းသွားသဖြင့် ထိုင်းနိုင်ငံ၏ မော်တော်ယာဥ် ထုတ်လုပ်မှုသည် စက်တင်ဘာလတွင် ယမန်နှစ်ကထက်  ၈ ဒသမ ၄၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၆၄,၀၉၃ စီး ထုတ်လုပ်ခဲ့ကြောင်း ထိုင်း စက်မှုလုပ်ငန်းများ အဖွဲ့ချုပ်Federation of Thai Industries  (FTI) က အင်္ဂါနေ့ (အောက်တိုဘာ ၂၄)တွင် ပြောကြားသည်။

ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ထိုင်းပြည်တွင်း ကားရောင်းအားသည် ဩဂုတ်လတွင် ၁၁.၇% ၊ စက်တင်ဘာလတွင် ၁၆.၇% ကျဆင်းခဲ့သည်။
ဘဏ်များက ကားအသစ်ဝယ်ရန် ချေးငွေကို တင်းကျပ်ထားသောကြောင့် ရောင်းအား ကျဆင်းနေစေသည်ဟု FTI ၏ မော်တော်ကားလုပ်ငန်းကဏ္ဍဌာနခွဲမှ ပြောရေးဆိုရေး တာဝန်ခံ Surapong Paisitpattanapong က ပြောသည်။


စက်တင်ဘာလတွင် ကားထုတ်လုပ်မှု ဆက်လက်ကျဆင်းခဲ့ရာ ဩဂုတ်လထက် ၁၂.၂၇% လျော့နည်းခဲ့သည်။

ထိုင်းနိုင်ငံသည် Toyota နှင့် Honda အပါအဝင် ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်ရေး ကုမ္ပဏီအချို့အတွက် ဒေသတွင်း မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ပြည်ပတင်ပို့ရေး အခြေစိုက်စခန်းတစ်ခုဖြစ်သည်။


ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) ၏ မော်တော်ကားစက်မှုလုပ်ငန်းကလပ်သည် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှု ခန့်မှန်းချက်ကို အစီးရေ ၅၀,၀၀၀ ထပ်မံလျှော့ချထားကြောင်း အင်္ဂါနေ့တွင် ပြောကြားသည်။

ပြည်တွင်းရောင်းချရန် ထုတ်လုပ်မည့် ကားအစီးရေ ၅၀,၀၀ ဝယ်လိုအား ကျဆင်းမည်ဟု ယူဆသောကြောင့် ခန့်မှန်းချက်ကို လျှော့ချခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းရောင်းချရန်အတွက် ထုတ်လုပ်သည့် အစီးရေ လျာထားချက်ကို ဒုတိယအကြိမ်မြောက် လျှော့ချခန့်မှန်းလိုက်ခြင်း ဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် ယခုနှစ် မော်တော်ကားထုတ်လုပ်ရေး လက်ရှိနောက်ဆုံးခန့်မှန်းချက်မှာ အစီးရေ ၁.၈၅ သန်း ဖြစ်ကြောင်း၊ ယခင်နှစ်ထက် ၁.၇၉ ရာခိုင်နှုန်း လျော့နည်းကြောင်း Surapong Paisitpattanapong က ပြောကြားသည်။


ယခုနောက်ဆုံး လျာထားချက်တွင် ကားကလပ်က ယခုနှစ် ပြည်ပတင်ပို့ရန်အစီးရေ ၁.၀၅ သန်းဟု ခန့်မှန်းထားသည်။ ပြည်တွင်း ရောင်းချရန် ၈ သိန်းဟု ခန့်မှန်းသည်။ 

ပြည်ပမှ တင်သွင်းရောင်းချသည့် လျှပ်စစ်ကားများသည် အစိုးရ၏ အီးဗီမက်လုံးများ ရရှိနေပြီး ပြည်တွင်း ထုတ်လုပ်သည့် ဓာတ်ဆီကား၊ ဒီဇယ်ကားများမှာ အစိုးရ မက်လုံးအစီအစဉ် မရှိချေ။ ပြည်ပအီးဗီများက ကားအသစ်ရောင်းအားကို ဖဲ့ယူလိုက်သဖြင့် ပြည်တွင်းကားများ ရောင်းအားဆက်လက် လျော့နည်းနေဦးမည်ဟု ခန့်မှန်းထားသည်။
.
ဘက်ထရီလျှပ်စစ်ကား (BEV) များ၏ ရောင်းအားအချိုးသည် စက်တင်ဘာလတွင် မော်တော်ယာဉ်အားလုံး ရောင်းချသည့် စုစုပေါင်း ၆၂,၀၈၆ စီး ရှိပြီး  ၁၁.၀၈% သို့ မြင့်တက်လာခဲ့သည်။

 စက်တင်ဘာလ ရောင်းအးကို ယာဉ်အမျိုးအစားအလိုက် ကြည့်မည်ဆိုလျှင်

• ICE (internal combustion engine) အင်ဂျင်ကားများ ၄၆,၉၈၅ စီး၊ ယမန်နှစ်ထက် ၃၀.၃၁% လျော့ကျ

• BEV ( battery electric vehicle) ဘက်ထရီသုံး လျှပ်စစ်ကား ၆,၈၈၁ စီး၊ ယမန်နှစ်ထက် ၄၃၇.၁၆% မြင့်တက်

• PHEV (plug-in hybrid vehicle) ပလပ်ထိုး အားသွင်း အင်ဂျင် ဘက်ထရီ ၂ မျိုးစပ် ဟိုက်ဘရစ် ၇၄ စီး  ယမန်နှစ်ထက် ၈၁.၀၇%

• HEV (hybrid electric vehicle) အင်ဂျင်ဖြင့်သာ အားသွင်း အင်ဂျင် ဘက်ထရီ ၂ မျိုးစပ် ဟိုက်ဘရစ် ၈,၁၄၆ စီး၊ ၆၁.၁၈%


စက်တင်ဘာလတွင် ကား ၉၇,၄၇၆ စီး ကို ထိုင်းနိုင်ငံမှ ပြည်ပသို့ တင်ပို့ခဲ့ပါသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ရောင်းအား

 

source nationthailand  bangkokpost


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 967 times