ထိုင်းအီးဗီလုပ်ငန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ ဘတ် ၂၂၇ ဘီလီယံ‌ကျော်သို့ ရောက်ရှိမည်


ထိုင်းအီးဗီလုပ်ငန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ ဘတ် ၂၂၇ ဘီလီယံ‌ကျော်သို့ ရောက်ရှိမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

တိုယိုတာ၊ ဟွန်ဒါ၊ အီစူးဇူး နှင့် မစ်စူဘီရှီ ဂျပန်ကားထုတ်လုပ်ရေး လုပ်ငန်းကြီး ၄ ခုတို့သည် ထိုင်းနိုင်ငံတွင် အီးဗီ ထုတ်လုပ်မှုအတွက် လာမည့်လေးနှစ်အတွင်း ဘတ်ငွေ ၁၅၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် ရည်မှန်းထားကြောင်း BOI က အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
၎င်းပမာဏကို ထည့်သွင်းတွက်ချက်ပါက ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဘတ် ၂၂၇ ဘီလီယံကျော်သို့ ရောက်ရှိမည် ဖြစ်သည်။


ထိုင်းအီးဗီကဏ္ဍ ဂျပန်ကားလုပ်ကြီး ၄ ခု ဘတ် ၁၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

https://www.automobiledirectory.com.mm/article/japan-automakers-to-invest-43-bn-in-thailand.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

ရင်းနှီးမြှုပ်နှံမှုများသည် လျှပ်စစ်ကားများ၊ မော်တော်ဆိုင်ကယ်များ၊ ထရပ်ကားများ၊ ဘတ်စ်ကားများ၊ ဘက်ထရီများအပြင် အားသွင်းရုံများ ထုတ်လုပ်ရန်အတွက်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့Thailand Board of Investment  BOI အထွေထွေအတွင်းရေးမှူး Narit Terdsathirasak က ပြောသည်။

ထိုင်းနိုင်ငံသည် လျှပ်စစ်ကားလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ဘတ်ငွေ ၂၂၇ ဘီလီယံကျော်သို့ ရောက်ရှိတော့မည် ဖြစ်ပြီး ထိုင်းနိုင်ငံသည် အာဆီယံ၏ အီးဗီအချက်အချာ ဖြစ်လာကာ ကမ္ဘာ့အဆင့်ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်မည် ဖြစ်သည်။


အာဆီယံတွင် နံပါတ်တစ် အီးဗီအချက်အချာ ဖြစ်လာရန်နှင့် ကမ္ဘာ့အဆင့်ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်ရန် အမျိုးသားလျှပ်စစ်ယာဉ်မူဝါဒဘုတ်အဖွဲ့ Electric Vehicle Policy Board (EV Board)က 30@30 ရည်မှန်းချက် ပန်းတိုင်ချမှတ်ထားသည်။ ဆိုလိုသည်မှာ၂၀၃၀ ပြည့်နှစ်တွင် ထိုင်းပြည်တွင်း ထုတ်လုပ်သည့် ကားအစီးရေ စုစုပေါင်း၏ အနည်းဆုံးအနေဖြင့် ၃၀% ( ၇၂၅,၀၀၀ စီး)သည် အီးဗီဖြစ်ရမည်။ 


EV 3.5 အစီအစဉ်ဟု သိကြသည့် အီးဗီ မြှင့်တင်ရေးလှုပ်ရှားမှုကို ထိုင်းအစိုးရကဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ၎င်းအစီအစဉ်သည်  ၂၀၂၇ ခုနှစ်အထိ အီးဗီ ထုတ်လုပ်မှုနှင့် အီးဗီ သုံးစြဲခြင်း နှစ်ရပ်စလုံးကို ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်သည်။ 
EV 3.5 အစီအစဉ်အရ ၎င်းအစီအစဉ်တွင် ပါဝင်သည့် ကားလုပ်ငန်းများ တင်သွင်းသည့် အီးဗီတစီးလျှင် ဘတ် ၁ သိန်းဝန်းကျင် အစိုးရက ထောက်ပံ့ပေးမည်။ ၎င်းကားလုပ်ငန်းများသည် ထိုင်းနိုင်ငံတွင် အီးဗီ ထုတ်လုပ်ရေး စက်ရုံ လုပ်ကိုင်ဖို့ လိုအပ်ပါသည်။ တင်သွင်းသည့် အီးဗီအစီးရေ၏ ၂ ဆ ၃ ဆကို ၎င်းစက်ရုံများတွင် ထုတ်လုပ်ပေးရမည် ဖြစ်ပါသည်။

Source nationthailand 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 187 times