ထိုင်းအီးဗီကဏ္ဍ ဂျပန်ကားလုပ်ကြီး ၄ ခု ဘတ် ၁၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်


ထိုင်းအီးဗီကဏ္ဍ ဂျပန်ကားလုပ်ကြီး ၄ ခု ဘတ် ၁၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဂျပန်ကားလုပ်ကြီး ၄ ခုတို့သည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ကားကဏ္ဍတွင် လာမည့်ငါးနှစ်အတွင်း ဘတ် ၁၅၀ ဘီလီယံ (ကန်ဒေါ်လာ ၄.၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Chai Wacharonke က ပြောကြားသည်။

 

Chai Wacharonke

 

• Toyota Motor သည် ဘတ် ၅၀ ဘီလီယံ
• Honda Motor သည် ဘတ် ၅၀ ဘီလီယံ
• Isuzu Motors သည် ဘတ် ၃၀ ဘီလီယံ
• Mitsubishi Motors သည် ဘတ် ၂၀ ဘီလီယံ
အသီးသီး ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ဂျပန်ခရီးစဉ်အတွင်း ထိုင်း၀န်ကြီးချုပ် ဆရက်သာ သာဝီဆင်နှင့် ဂျပန်ကားထုတ်လုပ်သူ ခုနစ်ဦးတို့အကြား ဆွေးနွေးမှုအပြီးမှာ ထွက်ပေါ်လာသည့် ရလဒ် ဖြစ်ပါသည်။ 

ဂျပန်ကားထုတ်လုပ်သူများ၏ ရင်းနှီးမြှုပ်နှံမှုသည် ထိုင်းနိုင်ငံ၏ အင်ဂျင်မှ အီးဗီများဆီသို့ ကူးပြောင်းမှုကို ပံ့ပိုးပေးသောကြောင့် လျှပ်စစ်ပစ်ကပ်ကားများ ထုတ်လုပ်မှုသည် လာမည့်နှစ်အနည်းငယ်အတွင်း အရှိန်မြှင့်နိုင်မည်ဟု မစ္စတာချိုင်းက ပြောကြားသည်။


ဂျပန်ကားထုတ်လုပ်သူများသည် ဒေသတွင်း၌ ၎င်းတို့၏ ထုတ်လုပ်မှု အဓိက အခြေစိုက်စခန်းအဖြစ် ထိုင်းနိုင်ငံကို အသုံးပြုမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်ဟု မစ္စတာချိုင်းက ပြောကြားသည်။
ဂျပန် ကားထုတ်လုပ်သူများက ခေတ်မီကားနည်းပညာသို့ ကူးပြောင်းခြင်းအတွက် ထိုင်းအစိုးရသည် အထောက်အကူပေးရန် အသင့်ရှိကြောင်း မစ္စတာချိုင်းက ပြောကြားသည်။

ဂျပန်ကားထုတ်လုပ်သူများကလည်း လုပ်ငန်းသုံးကားများအတွက် ဘက်ထရီလဲလှယ်သည့်စနစ်များကို အဆိုပြုခဲ့ကြောင်း မစ္စတာချိုင်းက ပြောကြားသည်။


"ဒေသတွင်း အီးဗီ ထုတ်လုပ်ရေးမှာ ဦးဆောင်သူဖြစ်လာအောင် ထိုင်းကို ဂျပန်ကားထုတ်လုပ်သူတွေက ကူညီပေးဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်ဆိုတာကို ဝန်ကြီးချုပ်က အလေးပေးပြောကြားခဲ့ပါတယ်” ဟု မစ္စတာချိုင်းက ပြောကြားသည်။
Source bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1796 times