ထိုင်းနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှု တိုးမည် ခန့်မှန်း 


 ထိုင်းနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှု တိုးမည် ခန့်မှန်း 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

စီးပွားရေး ကျနေသော်လည်း ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်မှုသည် ယခုနှစ်တွင်အစီးရေ ၁ ဒသမ ၉ သန်း ရှိမည်ဖြစ်ပြီး ယမန်နှစ်ထက်  ၃ ဒသမ ၁၇ ရာခိုင်နှုန်း တိုးမည်ဟု ခန့်မှန်းထားကြောင်း ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries (FTI)မှ ပြောကြားသည်။

 

ယမန်နှစ်က စုစုပေါင်း အစီးရေ ၁.၈၄ သန်း ထုတ်လုပ်ခဲ့ပြီး လျာထားချက် ၁.၈၅ သန်းထက် လျော့နည်းခဲ့ပါသည်။

ပြည်တွင်းရောင်းအား နှေးကွေးခြင်းနှင့် ကမ္ဘာ့စီးပွားရေး နှေးကွေးနေခြင်းသည် ကားတင်ပို့မှုအပေါ် သက်ရောက်မှုရှိသည့်အတွက် ထုတ်လုပ်မှု လျှော့ချခဲ့ရပြီး လျာထားချက် မပြည့်မီခဲ့ပါ။

 

၂၀၂၄ ခုနှစ်တွင် တင်ပို့ရန်အတွက် ကားထုတ်လုပ်မှုသည် အစီးရေ ၂.၁၅ သန်း နှင့် ပြည်တွင်းမှာ ရောင်းချရန် အစီးရေ ၇၅၀,၀၀၀ ထုတ်လုပ်မည်ဟု  မျှော်မှန်းထားကြောင်း FTI ၏ ဒုတိယဥက္ကဋ္ဌနှင့် FTI ၏ မော်တော်ကားလုပ်ငန်းကလပ်  ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားပါသည်။

 

လာအိုကဲ့သို့သော နိုင်ငံများသည် ကားတင်သွင်းမှုအပေါ်  အခွန်နှုန်းထားများ မြင့်မားစွာ ချမှတ်ထားသောကြောင့် ထိုင်းနိုင်ငံ ကားတင်ပို့မှုအပေါ် သက်ရောက်မှုရှိနိုင်သဖြင့် ထိုင်းမှ ကားထုတ်လုပ်သူများသည် ၎င်းတို့၏ကားများကို ပြည်ပသို့ တင်ပို့ ရောင်းချရာ၌ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဟု FTI မှ ပြောကြားသည်။

 

ရုရှား-ယူကရိန်းစစ်ပွဲ၊ အစ္စရေး-ဟားမတ်စ်ပဋိပက္ခနှင့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များကို ထိခိုက်စေသည့် ပင်လယ်နီတွင် ပစ်ခတ်တိုက်ခိုက်မှုများ အပါအဝင် ပထဝီနိုင်ငံရေးဆိုင်ရာ ပဋိပက္ခများနှင့် ကမ္ဘာ့စီးပွားရေး နှေးကွေးမှုတို့၏ ဆိုးကျိူးသက်ရောက်မှုများကိုလည်း မစ္စတာ Surapong က စိုးရိမ်ကြောင်း ပြောကြားပါသည်။

 

FTI ၏ အဆိုအရ ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်မှုသည် ယမန်နှစ် ဒီဇင်ဘာလတွင် ကျဆင်းခဲ့သည်။

 


ထိုင်းနိုင်ငံ ကားထုတ်လုပ်မှု ၅ လမြောက် လျော့နည်း

https://www.automobiledirectory.com.mm/article/thai--car-production-drops.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

တရုတ်နိုင်ငံမှ လျှပ်စစ်ကားများ တင်သွင်း ရောင်းချခြင်းသည် နိုင်ငံတွင်း ကားထုတ်လုပ်ရေးကိုလည်း ထိခိုက်ခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ထိုင်းနိုင်ငံမှ ကားအစီးရေ ၁.၁၁ သန်း တင်ပို့နိုင်ခဲ့သည်။ လောင်စာဆီ အင်ဂျင်ကားများ ၁.၁ သန်း ပါဝင်ပါသည်။ 

ကား ပို့ကုန်တန်ဖိုးမှာ ဘတ် ၇၁၉ ဘီလီယံဖြစ်ပါသည်။

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 215 times