ထိုင်းနိုင်ငံ ကားထုတ်လုပ်မှု ၅ လမြောက် လျော့နည်း


ထိုင်းနိုင်ငံ ကားထုတ်လုပ်မှု ၅ လမြောက် လျော့နည်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းနိုင်ငံတွင် မော်တော်ယာဥ်ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အစီးရေ ၁၃၃,၆၂၁ ထုတ်လုပ်ခဲ့သည်။ ၂၀၂၂ ခုနှစ်ထက် ၁၅ ဒသမ ၇၅ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ထိုသို့ လျော့နည်းသည်မှာ ၅ လ ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။

 

ပစ်ကပ်ထရပ်ကားများ အထွက်နည်းခြင်းကြောင့်ဖြစ်သည်ဟု ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းများအဖွဲ့ချုပ် (FTI) က  ပြောကြားသည်။

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် မော်တော်ယာဥ်ထုတ်လုပ်မှုသည် ယခင်လဖြစ်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလထက်လည်း ၁၄.၁% လျော့နည်းပါသည်။

 

၂၀၂၃ ခုနှစ် တနှစ်တာ ထုတ်လုပ်မှုသည်လည်း ၂၀၂၂ ထက် ‌၂.၂၂% လျော့နည်းခဲ့ပြီး အစီးရေ ၁.၈၄ သန်း ထုတ်လုပ်ခဲ့သည်ဟု ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းများအဖွဲ့ချုပ်က ပြောကြားသည်။

 

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံး မော်တော်ကားထုတ်လုပ်ရေး ဗဟိုချက်နှင့် တိုယိုတာနှင့် ဟွန်ဒါတို့အပါအဝင် ကမ္ဘာ့ထိပ်တန်းကားထုတ်လုပ်သူများအတွက် ပို့ကုန်အခြေစိုက်စခန်းတစ်ခုလည်း ဖြစ်ပါသည်။ အဓိကကျသည့် ကားအမျိုးအစားမှာ ပစ်ကပ်ထရပ်ကားများ ဖြစ်ပါသည်။

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ရောင်းအားလည်း ကျဆင်းခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထက် ၁၇.၄၈% လျော့နည်းပါသည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 305 times