တရုတ်နိုင်ငံ ကားထုတ်လုပ်မှုများ မေလတွင် ရပ်ထားရဖွယ်ရှိ


တရုတ်နိုင်ငံ ကားထုတ်လုပ်မှုများ မေလတွင် ရပ်ထားရဖွယ်ရှိ

လာမယ့် မေလမှာ တရုတ်နိုင်ငံရှိ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများ ထုတ်လုပ်မှုများ ရပ်နားထားရဖွယ် ရှိနေပါတယ်လို့ တရုတ်လျှပ်စစ်ကား ထုတ်လုပ်ရေး လုပ်ငန်း Xpeng ရဲ့ စီအီးအို He Xiaopeng က ပြောကြားပါတယ်။

တရုတ်ပြည် ရှန်ဟိုင်းမြို့မှာ လော့ဒေါင်းချထားတဲ့အတွက် ရှန်ဟိုင်းမြို့နှင့်တကွ ရှန်ဟိုင်း အပြင်ဘက် ပတ်ပတ်လည်မှာ တည်ရှိတဲ့ ယာဉ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ ယာယီပိတ်ထားရလို့ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများအနေဖြင့် မော်တော်ယာဉ် ထုတ်လုပ်ဖို့ လိုအပ်တဲ့ ယာဉ်ပစ္စည်းများ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ရဖို့ ခဲယဉ်းနေစေပါတယ်။

COVID-19 ကူးစက်မှု မြင့်မားနေလို့ လော့ဒေါင်းချထားလို့ ပစ္စည်းပို့ဆောင်ရေးအတွက် သုံးစွဲတဲ့အဝေးပြေးလမ်းများ ပိတ်ထားပါတယ်။

Huawei ရဲ့ Consumer Business Group စီအီးအို Richard Yu ကလည်း ရှန်ဟိုင်းမှာ ကုန်ထုတ်လုပ်မှု ပြန်မစရင် စီးပွားရေးနစ်နာ ဆုံးရှုံးမှု ကြီးမားလိမ့်မယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။ ရှန်ဟိုင်းမှ ပစ္စည်းပေးသွင်းသူများထံမှ ပစ္စည်းရယူနေတဲ့ လုပ်ငန်းများ  ပစ္စည်း ပြတ်လပ်ပြီး မေလမှာ ထုတ်လုပ်မှု ရပ်ထားကြရလိမ့်မယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ 

ရှန်ဟိုင်းမြို့မှာ တည်ရှိတဲ့ Tesla Gigafactory Shanghai လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံ လော့ဒေါင်းချထားသဖြင့် ပိတ်ထားရသည်မှာ မတ်လ ၂၈ ရက်ကတည်းက ဖြစ်ပါတယ်။

Nio ရဲ့ လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံက Hefei မှာ တည်ရှိတဲ့အတွက် လော့ဒေါင်းချခံရခြင်းမှ ကင်းလွတ်ပါတယ်။ ဒါပေမဲ့ ယာဉ်ပစ္စည်း ပေးသွင်းတဲ့ လုပ်ငန်းများထဲတွင် လော့ဒေါင်းချခံရတဲ့ လုပ်ငန်းများ ပါဝင်နေလို့ ပစ္စည်းမရတဲ့အတွက် အလုပ်ရပ်ထားရပါတယ်။

Read 15294 times