Suzuki က Toyota နှင့်အတူ  အန္ဒိယအတွက် အီးဗီ ထုတ်လုပ်မည်


Suzuki က Toyota နှင့်အတူ  အန္ဒိယအတွက် အီးဗီ ထုတ်လုပ်မည်


Suzuki အဖို့ အရေးပါတဲ့ အန္ဒိယဈေးကွက်မှာ ၂၀၂၅ တွင် အီးဗီ ထုတ်လုပ်မည်လို့ ကတိကဝတ် ပြုထားတဲ့ ရည်မှန်းချက်ကို Suzuki က Toyota နှင့် လက်တွဲပြီး အကောင်အထည် ဖော်မယ်လို့ အသိပေးကြေညာပါတယ်။ Suzuki က Toyota နှင့် လက်တွဲပြီး အိန္ဒိယဈေးကွက်အတွက် ဟိုက်ဘရစ်ကားများ ထုတ်လုပ်ပါမယ်။ ဈေးကွက်က အီးဗီကို ပြောင်းလဲသွားတဲ့အခါ အီးဗီကို ထုတ်လုပ်ပါမယ်။ တစ်နည်းပြောရရင် ဟိုက်ဘရစ်မှသည် အီးဗီသို့ အတူလက်တွဲ လုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။ 

 

Suzuki က အိန္ဒိယမှာ အရောင်းရဆုံး အိမ်စီးကား brand ဖြစ်ပေမဲ့ အိန္ဒိယ မော်တော်ယာဉ် ထုတ်လုပ်သူများအသင်း Society of Indian Automobile Manufacturers အဆိုအရ ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ဈေးကွက်ဝေစု ၄.၃% ကျဆင်းခဲ့ပြီး ၄၃.၄% ရရှိခဲ့ပါတယ်။ ပြည်တွင်း မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းနှင့် တောင်ကိုရီးယား  မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းတို့က ဈေးကွက်ဝေစု တိုးလာနေပါတယ်။

ပြည်တွင်း မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းကြီး ဖြစ်တဲ့ Tata Motors က အိန္ဒိယမှာ တည်ရှိတဲ့ Ford Motor ကားစက်ရုံကို ဝယ်ယူခဲ့ကြောင်း Myanmar Automobile Guide မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ See more 


Tata Motors က အီးဗီထုတ်လုပ်မှု တိုးမြှင့်နေပါတယ်။  အိန္ဒိယဈေးကွက်မှာ Suzuki က ကားအငယ်စားများဖြင့် အောင်မြင်နေတာ ဖြစ်ပေမဲ့ နောက်နောက်မှာ SUV ကိုလည်း ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။


အီးဗီ ထုတ်လုပ်ဖို့အတွက် အိန္ဒိယအနောက်ပိုင်း ဂူဂျာရပ်ပြည်နယ်မှာ တည်ရှိတဲ့ ကားစက်ရုံမှာ ရူပီ ၃၁ ဘီလီယံ (ကန်ဒေါ်လာ ၃၈၈ သန်း) ရင်းနှီးမြှုပ်နှံပါတယ်။ အီးဗီဘက်ထရီ စက်ရုံအတွက် ၂၀၂၆ မှာ ရုပီ ၇၃ ဘီလီယံ ရင်းနှီးမြှုပ်နှံပါမယ်။

 

Telegram Channel https://t.me/Guid4U

Source asia.nikke

#MyanmarAutomobileGuide 

Read 772 times