Ford India ကားစက်ရုံ   ကန်ဒေါ်လာ ၉၁ သန်းခွဲဖြင့် Tata Motors ဝယ်ယူ


 Ford India ကားစက်ရုံ   ကန်ဒေါ်လာ ၉၁ သန်းခွဲဖြင့် Tata Motors ဝယ်ယူ

Tata Motors က Ford India စက်ရုံကို ကန်ဒေါ်လာ သန်း ၉၀ ဖြင့် ဝယ်ယူလိုက်ပါသည်။

 

Jaguar Land Rover ၏ မိခင်လုပ်ငန်းဖြစ်သော Tata Motors Ltd သည် အနောက်ပိုင်းဂူဂျာရတ်ပြည်နယ်ရှိ Ford Motor ၏ ကားထုတ်လုပ်ရေးစက်ရုံ ဖြစ်သော Sanand စက်ရုံအား ရူပီး ၇.၂၆ ဘီလီယံ (ဒေါ်လာ ၉၁.၅ သန်း) ဖြင့် ဝယ်ယူရန် တနင်္ဂနွေနေ့ (ဩဂုတ် ၇)တွင် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါသည်။

Tata Motors Ltd  ၏ လက်အောက်ခံလုပ်ငန်း  Tata Passenger Electric Mobility Ltd နှင့်   Fords Motors ၏ အိန္ဒိယအတွက် လုပ်ငန်းခွဲ Ford India Pvt Ltd တို့ အရောင်းအဝယ် စာချုပ် လက်မှတ်ရေးထိုးခဲ့ရာ မြေ၊ အဆောက်အဦများအပြင် တရားဝင်ခန့်အပ်ထားသော ဝန်ထမ်းများကိုပါ Tata Passenger Electric Mobility Ltd ထံ လက်လွှဲ ပြောင်းပေးပါသည်။

ထုတ်လုပ်မှုနိုင်စွမ်း အပြည့်နီးပါး သုံးစွဲထုတ်လုပ်နေရချိန်တွင် ယခုလုပ် စက်ရုံကို လက်ထဲ ရရှိသဖြင့် အံကိုက် ဖြစ်သွားကြောင်း၊  Ford India Pvt Ltd ကလည်း အရှုံးပြနေသည်မှာ ကြီးမားသဖြင့် စက်ရုံကို ရပ်ထားရပြီး ယခုလို ရောင်းချခွင့် ရသည့်အတွက် အကျိုးရှိကြောင်း၊ နှစ်ဦးနှစ်ဖက် အမြတ်ထွက် အကျိုးရှိကြကြောင်း Tata Motors က ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ 

Tata Motors Ltd က အဆိုပါ Sanand စက်ရုံတွင် ကားစီးရေ တစ်နှစ်လျှင် ၃ သိန်း ထုတ်လုပ်သွားရန် ရည်မှန်းထားသည်။ အကယ်၍ စွမ်းအားပြည့်လုပ်ကိုင်မည်ဆိုပါက Sanand စက်ရုံသည် တစ်နှစ်လျှင် ကားစီးရေ ၄၂၀,၀၀၀ ထုတ်လုပ်နိုင်သည်။ 

Ford သည် အိန္ဒိယနိုင်ငံ အိမ်စီးကားဈေးကွက်ထဲတွင် ဈေးကွက်ဝေစု ၂% အောက်ကိုသာ ရရှိသဖြင့် အိန္ဒိယတွင် ထုတ်လုပ်မှုကို ပြီးခဲ့သည်နှစ်တွင် အပြီးအပိုင် ရပ်ဆိုင်းထားလိုက်သည်။ နှစ်ပေါင်း ၂၀ ကျော် အိန္ဒိယတွင် လုပ်ကိုင်ခဲ့ပြီး အမြတ်ရသည့် အခြေအနေကို မရရှိသဖြင့် ကားစက်ရုံကို ကျောခိုင်းခဲ့ခြင်း ဖြစ်ပါသည်။

($1 = 79.3600 Indian rupees)

#MyanmarAutomobileGuide 

 

Telegram Channel https://t.me/Guid4U

Source: Reuters

Read 3018 times