တောင်ကိုရီးယား မော်တော်ယာဉ် ပြည်တွင်းထုတ်လုပ်မှုကဏ္ဍ ၁၇ နှစ်တာအတွင်း စံချိန်တင် လျော့ကျ
တောင်ကိုရီးယား မော်တော်ယာဉ် ပြည်တွင်းထုတ်လုပ်မှုကဏ္ဍမှာ ထုတ်လုပ်မှု စီးရေ ၁၇ နှစ်တာအတွင်း စံချိန်တင် လျော့ကျခဲ့ပါတယ်။
စီးရေ ၃.၄၆ သန်းသို့ လျော့ကျ
သေးငယ်သော မော်တော်ယာဉ်ထုတ်လုပ်ေရးလုပ်ငန်းများ ရုန်းကန်နေကြရစဉ် တောင်ကိုရီးယား မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍကို ကြီးစိုးထားသည့် ကြီးကြီးမားမား Hyundai Motor လုပ်ငန်းစုက ပြည်ပနိုင်ငံအချို့တွင် စက်ရုံထူထောင်ပြီး ထုတ်လုပ်ရန် ဦးတည်ထားပါတယ်။
၂၀၂၁ တွင် တောင်ကိုရီးယားပြည်တွင်းမှာ မော်တော်ယာဉ်စီးရေ ၃.၄၆ သန်း ထုတ်လုပ်ခဲ့ပြီး ၁၇ နှစ်တာကာလအတွင်း အနည်းဆုံး ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ပြည်တွင်း ထုတ်လုပ်မှု ပြန်မြင့်တက်ရန် အလားအလားများ ရှိနေပါတယ်။
ဘူဆန်ကားစက်ရုံ
၂၀၂၂ မေလ ၁၀ ရက်မှာ တရုတ်နိုင်ငံမှ Geely Automobile က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှ Renault Korea Motors ရဲ့ အစုရှယ်ယာ ၃၄% ကို ဝယ်ယူကြောင်း ထုတ်ပြန်ကြေညာပါတယ်။
ဘူဆန်မှာ တည်ရှိတဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံမှာ ဓာတ်ဆီအင်ဂျင် ကားများနှင့် ဘက်ထရီ ဓာတ်ဆီအင်ဂျင် ပါဝါနှစ်မျိုးစပ် ဟိုင်းဘရစ်ကားများ ထုတ်လုပ်ဖို့ Renault Korea Motors နှင့် Geely Automobile တို့ နှစ်ဦးသဘောတူ အစီအစဉ် ရေးဆွဲထားကြပါတယ်။ မောမဒယ်အသစ်ကို ၂၀၂၄ မှာ စတင်ထုတ်လုပ်ပါမယ်။
Renault Samsung ကို အမည်ပြောင်းထားတဲ့ Renault Korea Motors ရဲ့ မိခင်လုပ်ငန်း Renault Group က ဘူဆန်စက်ရုံကို ပြည်ပဈေးကွက်များသို့ တင်ပို့ရန်အတွက် ထုတ်လုပ်မှု အချက်အချာအဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။
ဘူဆန်စက်ရုံကို ၁၉၉၈ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပြီး ထိုစဉ်က Samsung Motors က လုပ်ကိုင်ပါတယ်။ ထိုစဉ်က Samsung Group ရဲ့ ဥက္ကဋ္ဌဖြစ်သူ Lee Kun-hee ကာလရှည်ကြာ မျှော်မှန်းချက်တစ်ခုကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ သူက မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍမှာလည်း လုပ်ကိုင်ဖို့ စိတ်အားထက်သန်သူ ဖြစ်ပါတယ်။
ကံခေတာက ကားတွေ ထုတ်လုပ်ပြီး စတင်ပေးပို့ချိန်မှာ အာရှငွေရေးကြေးရေး အကျပ်အတည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ကားအသစ် ဝယ်လိုအားတွေ အားပျော့နေတဲ့အတွက် ရောင်းအားထိခိုက်ပြီး Samsung Motors အရှုံးပေါ်နေခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်မှာ Renault Group က ကုမ္ပဏီကို ဝယ်ယူခဲ့ပြီး Renault Samsung Motors လို့ အမည်ပြောင်းလဲ ခေါ်ဝေါ်ပါတယ်။
လက်ရှိအနေအထားကို ကြည့်ရင် ၂၀၁၀ မှာ ဘူဆန်စက်ရုံမးက ကားစီးရေ ၂၇၅,၀၀၀ ထုတ်လုပ်ခဲ့ပါတယ်။ Renault ရဲ့ ကားမော်ဒယ်တွေကို ကန်ထရိုက်ဖြင့် ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ကန်ထရိုက်ဖြင့် ထုတ်လုပ်တဲ့ စီးရေက လျော့ကျလာတယ်။ အဓိကအကြောင်းရင်းက ထုတ်လုပ်မှု စရိတ်စက မြင့်မားနေတဲ့အချက် ဖြစ်ပါတယ်။
ယမန်နှစ်မှာ ဘူဆန်စက်ရုံက အကြမ်းအားဖြင့် ကားစီးရေ ၁၃၀,၀၀၀ ကိုသာ ထုတ်လုပ်ခဲ့ပါတယ်။
ယခုအခါ Geely ရဲ့ အရင်းအနှီး ပါဝင်လာပြီဖြစ်လို့ Geely ရဲ့ အစီအစဉ်ဖြင့် ကားထုတ်လုပ်ဖို့ ကန်ထရိုက်များ ရရှိမယ်လို့ မျှော်လင့်နိုင်ပါတယ်။
Hyundai Motor
ပြည်တွင်း ကားဈေးကွက်မှာ ဈေးကွက်ဝေစု ၇၀% ကို Hyundai Motor နှင့် Hyundai Motor Group လက်အောက်မှ Kia တို့ ရရှိထားပါတယ်။
Hyundai က ပင်လယ်ရပ်ခြားကို ချဲ့ထွင်နေတာကြောင့် ပြည်ပဈေးကွက်တွေမှာ စက်ရုံထူထောင်ပြီး ထုတ်လုပ်ရောင်းချလျက် ရှိတာကြောင့် ပြည်တွင်းထုတ်လုပ်မှု သိသိသာသာ တိုးချဲခြင်း မရှိတော့ပါဘူး။ ဒါပေမဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ ဖိအားရှိတာကြောင့် ပြည်တွင်းမှာလည်း တိုးချဲ့ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ အီးဗီတွေ ထုတ်လုပ်ဖို့ စီစဉ်နေတာဖြစ်လို့ အရေအတွက်က အင်ဂျင်ပါတဲ့ကားတွေလောက် များမှာ မဟုတ်ပါဘူး။
တောင်ကိုရီးယားပြည်တွင်းမှ မော်တော်ယာဉ် အစိတ်အပိုင်း ထုတ်လုပ်သူတွေက အင်ဂျင်ပါတဲ့ကားတွေအတွက်သာ ထုတ်လုပ်လျက် ရှိကြပါတယ်။ အင်ဂျင်မပါ၊ ဘက်ထရီကိုပဲ သုံးတဲ့ လျှပ်စစ်ကားစစ်စစ်တွေအတွက် ယာဉ်ပစ္စည်း ထုတ်လုပ်နိုင်ခြင်း မရှိသေးတာဟာ အီးဗီသို့ ကူးပြောင်းတဲ့အခါ ယာဉ်အစိတ်အပိုင်း ထုတ်လုပ်ရေးကဏ္ဍ အကြီးအကျယ် ဒုက္ခရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
GM Korea နှင့် SsangYong Motor
GM Korea နှင့် SsangYong Motor တို့လည်း ထုတ်လုပ်မှု လျော့ကျပါတယ်။ GM Korea က တစ်နှစ်လျှင် ကားစီးရေ ၂၂၀,၀၀ ထုတ်လုပ်ပါတယ်။
SsangYong ကလည်း ရေစုန်မျောနေဆဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှ SsangYong Motor အရောင်းအဝယ်ပျက်
ပြည်ပကားလုပ်ငန်းကြီးများ အနေဖြင့် တောင်ကိုရီးယားမှ အလုပ်သမားသမဂ္ဂများက လစာတိုးတောင်းခြင်း၊ စက်ရုံပိတ်ထားပြီး ဆန္ဒပြခြင်းများ ပြုတာကြောင့် တောင်ကိုရီးယားကို လက်ရှောင်ထားကြပါတယ်။
#MyanmarAutomobileGuide