ဒီဇယ်ထရပ်ကားများအတွက် တရုတ်ယူရီးယား မပြတ်လပ်စေရေး ကိုရီးယား ကြိုးပမ်း


ဒီဇယ်ထရပ်ကားများအတွက် တရုတ်ယူရီးယား မပြတ်လပ်စေရေး ကိုရီးယား ကြိုးပမ်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ကိုရီးယားကုမ္ပဏီများသည် ဓာတ်မြေဩဇာနှင့် မော်တော်ယာဉ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးတို့အတွက် မဖြစ်မနေ သုံးစွဲရသည့် ယူရီးယား ကို တရုတ်နိုင်ငံမှ တင်သွင်းရာ၌ တရုတ်အကောက်ခွန်ကို ဖြတ်သန်းရန် အချိန်ပိုကြာမြင့်လျက် ရှိကြောင်း ကိုရီးယား အစိုးရထဲ အစီရင်ခံခဲ့ကြသည်။ သို့ဖြစ်ရာ ယူရီးယား တင်သွင်းမှုကို ကြာမြင့်ခြင်း မဖြစ်အောင် တရုတ်နိုင်ငံနှင့် တိုင်ပင်ဆွေးနွေးမည်ဖြစ်ကြောင်း တနင်္လာနေ့(ဒီဇင်ဘာ ၄)တွင် တောင်ကိုရီးယား အစိုးရက ပြောကြားခဲ့သည်။

 တရုတ်နိုင်ငံတွင် နိုထရိုဂျင် ဓာတ်မြေဩဇာ ဈေးနှုန်းများ  ၂ နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသာ်အထိ ဈေးနှုန်း မြင့်တက်နေသဖြင့် ပြည်တွင်းသုံးစွဲမှု ဦးစားပေးရန် မူချမှတ်ထားသည်။  သို့ဖြစ်ရာ ပြည်ပတင်ပို့မှုများ နှောင့်နှေးကြန့်ကြာနေသည်။

၂၀၂၁ ခုနှစ်တုန်းကလည်း အလားတူ ပြဿနာ ကြုံခဲ့ဖူးသည်။ ထိုစဉ်က တရုတ်အစိုးရက ယူရီးယား တင်ပို့မှုကို လုံးဝ ပိတ်ပင်ထားခဲ့ပြီးမှ တောင်ကိုရီးယားသို့ တင်ပို့ရန် ခွင့်ပြုခဲ့သည်။
တောင်ကိုရီးယားတွင် နိုက်ထရိုဂျင် ဓာတ်မြေဩဇာကို စိုက်ပျိုးရေးကဏ္ဍတွင် ဓာတ်မြေဩဇာအဖြစ် သုံးစွဲသည့်အပြင် ဒီဇယ်အင်ဂျင် မော်တော်ယာဉ်များမှ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှု ကင်းစင်စေရေးအတွက်လည်း အသုံးပြုသည်။

 

ထရပ်ကားမောင်းသူတစ်ဦး ထရပ်ကားကို ယူရီးယားရေ (urea water)ဖြည့်ထည့်နေပုံ

 

 

ဒီဇယ်ကားများသည် တောင်ကိုရီးယားတွင် မှတ်ပုံတင်ထားသော ကားများ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသည်။ နိုက်ထရိုဂျင် ဓာတ်မြေဩဇာ မသုံးရသဖြင့် ကားများ အသုံးပြုမရ ဖြစ်ကုန်သည်။ အစိုးရက အရေးပေါ် လိုအပ်ချက်အဖြစ် သတ်မှတ်ပြီး ဩစတေးလျမှ နိုက်ထရိုဂျင် ဓာတ်မြေဩဇာများ ဝယ်ယူကာ စစ်ဘက် ကုန်တင်လေယာဉ် စေလွှတ်ပြီး ကိုရီယားသို့ သယ်ယူပို့ဆောင်ခဲ့သည်ကို Automobile Guide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။


တောင်ကိုရီးယား ထရပ်ကားများအတွက် ယူရီးယားများ တင်ပို့ခွင့် တရုတ်ပြန်ခွင့်ပြု
https://www.automobiledirectory.com.mm/article/urea-korea-diesel-engine.html
အကြောင်းစုံ ဖတ်ရှုရန် လင့်ကို ထိပါ


 


တောင်ကိုရီးယားသည်  ယူရီးယား ပြည်တွင်း လိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံမှ တင်သွင်းပါသည်။

"အကောက်ခွန် နှောင့်နှေးမှုတွေ ရှိနေတာ သေချာပါတယ်။ နိုင်ငံရေး နောက်ခံကြောင့် မဟုတ်ပါဘူး။  အဓိကအားဖြင့် တရုတ်နိုင်ငံတွင်း ယူရီးယား ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ပြည်ပတင်ပို့မှုတွေ နှောင့်နှေးနေတာ ဖြစ်ပါတယ်" ဟု ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုရေး တာဝန်ခံ Choi Nam-ho က ပြောသည်။
 
ဗီယက်နမ်နှင့် ဂျပန်တို့မှ ယူရီးယားသွင်းကုန်များလည်း လာနေပြီ ဖြစ်ကြောင်း၊ သုံးလကြာ ထောက်ပံ့မှု လုံလောက်စွာ ရှိကြောင်း တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။

 

တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး Ahn Duk-geun သည်လည်း တနင်္လာနေ့က ပေကျင်း၌ တရုတ် ကုန်သွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။ ၎င်းက  အကောက်ခွန်ရှင်းလင်းရေးပြဿနာကို ချက်ချင်းဖြေရှင်းရန် တောင်းဆိုခဲ့သည်ဟု ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ထပ် ကြေညာချက်တွင် ဖော်ပြထားသည်။

Source Reuters 
 

Read 281 times