Sony က အီးဗီထုတ်လုပ်ဖို့ Honda နှင့်လက်တွဲမည်


Sony က အီးဗီထုတ်လုပ်ဖို့ Honda နှင့်လက်တွဲမည်


Sony က Honda နှင့်လက်တွဲပြီး အီးဗီထုတ်လုပ်မှာ ဖြစ်ပြီး ၎င်းတို့ရဲ့ ပထမဆုံးအီးဗီကို ၂၀၂၅ မှာ ထုတ်လုပ်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။

Sony ရဲ့ အီးဗီမော်ဒယ်အမည်က  VISION-S ဖြစ်ပြီး နှစ်စဉ်ကျင်းပတဲ့ CES ကွန်ဖရင့်မှာ ၃ နှစ်ဆက်တိုက် ပြသခဲ့ပါတယ်။  ယခုအခါ စိတ်ကူးကို စတင်အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ 
Sony ရဲ့ အီးဗီမော်ဒယ် VISION-S အကြောင်းကို   မှတ်တမ်း ဗီဒီယိုနှင့်တကွ Myanmar Automobile Guide မှာ 

Sony က လျှပ်စစ်ကား ၂ စီး မိတ်ဆက်ပြသ

 ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အီးဗီ ထုတ်လုပ်ဖို့အတွက် Sony က ကုမ္ပဏီအသစ် Sony Mobility, Inc ကို ထူထောင်ထားပါတယ်။

Sony က ၎င်းပိုင်နိုင်တဲ့ ဖျော်ဖြေရေးနှင့် ဆော့ဖ်ဝဲကို အာရုံစိုက်ထားပါတယ်။ ကားထုတ်လုပ်ဖို့ကို ကိုယ်တိုင် လုပ်ကိုင်မှာ မဟုတ်ဘဲ လက်တွဲမယ့် ကုမ္ပဏီကို ရှာဖွေနေတယ်လို့ ပြောပြခဲ့ပါတယ်။ ယခုအခါ Sony က လက်တွဲမယ့် ကုမ္ပဏီက Honda ဖြစ်ကြောင်း အတည်ပြု ‌ကြေညာပါတယ်။ Honda က ကားထုတ်လုပ်မယ်။ Sony က က ဖျော်ဖြေရေး၊ ကွန်ရက် နှင့် သွားလာမှုဆိုင်ရာ ဝန်ဆောင်မှုများကို ပစ္စည်းကိရိယာများနှင့်တကွ ကားပေါ်မှာ တင်ပေးမှာ ဖြစ်ပါတယ်။

အစမှာ ဆီဒင်အမျိုးအစားဖြင့် စတင်ပြီး နောက်တော့မှ SUV အမျိုးအစားကိုပါ တိုးချဲ့ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Read 541 times