ဈေးသက်သာသည့် ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီစက်ရုံ  ဆောက်လုပ်ရေး BYD  စတင်


ဈေးသက်သာသည့် ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီစက်ရုံ  ဆောက်လုပ်ရေး BYD  စတင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

BYD သည်  ၎င်း၏ ပထမဆုံး ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီစက်ရုံကို Xuzhou မြို့ရှိ Xuzhou Economic and Technological Development Zone တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှာ စတင်ဆောက်လု်ပါသည်။ 
စက်ရုံစီမံကိန်းအတွက် ယွမ် ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၁.၄ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး တစ်နှစ်လျှင် sodium-ion ဘက်ထရီထုပ်များ စုစုပေါင်း 30 GWh ထုတ်လုပ်နိုင်မည် ဖြစ်သည်။ 
မော်တော်ယာဉ် အငယ်စားများနှင့်  စတူတာများအတွက် ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီထုပ်များ ထုတ်လုပ်မည် ဖြစ်သည်။ 

ဆိုဒီယမ်၏ ဓာတုသင်္ကေတ Na ဖြင့် Na+ ဟု ခေါ်ကြသည့် ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီထုပ်များ၏ အားသာချက်များမှာ 
● ယေဘုယျအားဖြင့် လီသီယမ်ဘက်ထရီများထက် မီးဘေးအန္တရာယ် ပိုဘေးကင်းသည်။ ပိုစိတ်ချရသည်။ 
● အားထုတ်သုံးသည့်အခါ အားအကုန်နှေးသဖြင့် ကြာကြာခံသည်။
● ထုတ်လုပ်ရာတွင် ဈေးသက်သာသည်။
● သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု နည်းသည်။ 

ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီထုပ်များ၏ အားနည်းချက်များမှာ 
● အားသွင်းရာတွင် နှေးသဖြင့် အချိန် ပိုကြာသည်။ 
●  ရနိုင်သော ဗို့အား နိမ့်သည်။
● စွမ်းအင်သိပ်သည်းမှု နည်းသည်။ 


ယခင်တင်ပြချက်
ဈေးသက်သာသည့် ဆိုဒီယမ် ဘက်ထရီသုံး အီးဗီမော်ဒယ်များ တရုတ်နိုင်ငံတွင် ထုတ်လုပ်
https://www.automobiledirectory.com.mm/article/farasis-energy-hina-battery.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


ဆိုဒီယမ်သည် 'ဆား' ဖြစ်ပြီး ဈေးသက်သာသည်။ 

Na+ ဘက်ထရီများတွင် ဈေးကြီးသည့် လီသီယမ်ကို လုံးဝမသုံးဘဲ အမလျှပ်ခေါင်း ကက်သုတ်တွင် လီသီယမ်အစား ဆိုဒီယမ်ကို သုံးစွဲထားသဖြင့် ဈေးသက်သာခြင်း ဖြစ်သည်။
ကိုဘော့၊ နီကယ် အစရှိသည့် ဈေးကြီးသည့် သတ္တုများ သုံးစွဲဖို့လည်း မလိုအပ်ချေ။ 
ကားအငယ်စားများအတွက် သင့်တော်သည့် ဘက်ထရီထုပ် အမျိုးအစား ဖြစ်ပါသည်။ 

 Source carnewschina

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 251 times