ဈေးသက်သာသည့် ဆိုဒီယမ် ဘက်ထရီသုံး အီးဗီမော်ဒယ်များ တရုတ်နိုင်ငံတွင် ထုတ်လုပ်


ဈေးသက်သာသည့် ဆိုဒီယမ် ဘက်ထရီသုံး အီးဗီမော်ဒယ်များ တရုတ်နိုင်ငံတွင် ထုတ်လုပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ကုန်ကျစရိတ်သက်သာသည့် ဘက်ထရီအမျိုးအစား ဖြစ်သည့် ဆိုဒီယမ်-အိုင်းယွန်း sodium-ion ဘက်ထရီဖြင့် မော်ဒယ် အသစ် ၂ ခုကို တရုတ်ပြည်မှာ ထုတ်လုပ်ရာ၌ Farasis Energy နှင့် HiNa Battery တို့မှ ထုတ်လုပ်သည့် ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီများကို အသုံးပြုထားသည်။

HiNa Battery မှ ထုတ်လုပ်သည့် ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီဖြင့် မောင်းနှင်သည့် မော်ဒယ်ကို ထုတ်လုပ်မှုလိုင်းမှ စတင် ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း HiNa Battery က  ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကြေညာခဲ့သည်။

HiNa Battery သည် ၂၀၂၃  ‌ဖေဖော်ဝါရီလတွင် ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီ ၃ မျိုးကို ပြသခဲ့သည်။ Nio အတွက် အီးဗီများကို ကန်ထရိုက်ယူပြီး ထုတ်လုပ်ပေးသည့် JAC နှင့် လက်တွဲထားပြီး ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီ အီးဗီများ ထုတ်လုပ်မည်ဟု ကြေညာခဲ့သည်။ 
ထို့အတွက် JAC နှင့် Volkswagen Anhui တို့၏ ဖက်စပ်လုပ်ငန်း Sehol နှင့် HiNa Battery တို့ အတူပူးပေါင်းပြီး Sehol E10X မော်ဒယ်ဖြင့် စမ်းသပ်သည့် အီးဗီတစီးကို ထုတ်လုပ်ပြီး စစ်ဆေးစမ်းသပ်မှုများ ဆောင်ရွက်ခဲ့ကြသည်။

 

 Anhui Jianghuai Automobile (JAC) ၏ မိခင်ကုမ္ပဏီ Anhui Jianghuai Automobile Group Holdings (JAG) တွင် ၅၀% ကို တရုတ်အစိုးရက ပိုင်ဆိုင်ပြီး ကျန် ၅၀% ကို Volkswagen Group က ပိုင်ဆိုင်သည်။ ၂၀၂၀ ပြည့်နှစ်တွင် Volkswagen Group က ရှယ်ယာ ၅၀% ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံခဲ့ပြီး Volkswagen Anhui ဖက်စပ်လုပ်ငန်းအဖြစ်သို့ ရောက်ရှိသည်။ 

Sehol သည် Volkswagen Anhui ဖက်စပ်လုပ်ငန်း၏ အမှတ်တံဆိပ် ဖြစ်ပြီး ၂၀၂၁ တွင် VW က JAC လက်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။

JAC က အမှတ်တံဆိပ်အသစ် Yiwei (钇为) ကို ၂၀၂၃ ဧပြီလ ၁၂ ရက်တွင် စတင်လိုက်ပြီး Sehol အမှတ်တံဆိပ်ကို စွန့်ပစ်မည်ဟု မေလတွင် ကြေညာသည်။ Sehol အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် မော်ဒယ်များကို JAC သို့မဟုတ် Yiwei  တံဆိပ် ပြောင်းတပ်မည်ဟု ပြောကြားသည်။

 

ပထမဆုံးမော်ဒယ် Yiwei 3 ကို ဇွန်လလယ်တွင် စတင်ရောင်းချသည်။
၎င်း Yiwei 3 ကို ဆိုဒီယမ် ဘက်ထရီဗားရှင်းဖြင့် ထုတ်လုပ်မည်ဟု ယူဆကြသည်။
JAC က ဆိုဒီယမ်ဘက်ထရီ သုံးသည့် မော်ဒယ်အမည်ကို ထုတ်ဖော်ပြောကြားခြင်း မပြုရသေးပါ။

ဘက်ထရီထုပ် ထုတ်လုပ်ရာတွင် ကိုယ်ပိုင်ဒီဇိုင်းများ ရှိကြသည်။ BYD က Blade ဓားပြားဒီဇိုင်း သုံးသည်။ 
 CATL က CTP (cell-to-pack)  ဒီဇိုင်း သုံးသည်။

 

 

ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီ ထုပ်ပိုးပုံကို UE (Unitized Encapsulation) ဟု အမည်ပေးထားသော်လည်း ပျားလပို့ ဒီဇိုင်းဟု အလွယ်ခေါ်ကြသည်။

 

 

Jiangling Motors Group မှ ပိုင်ဆိုင်သည့် အီးဗီအမှတ်တံဆိပ် JMEV က Farasis Energy မှ ထုတ်လုပ်သည့် ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီ သုံးထားသည့် အီးဗီများကို ၂၀၂၃ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ထုတ်လုပ်ခဲ့သည်။ 

JMEV EV3 ကို ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီ ဗားရှင်း ထုတ်လုပ်ခြင်းဖြစ်ပြီး ရောင်းဈေးမှာ အနိမ့်ဆုံးဈေး  ယွမ် ၅၈,၈၀၀ ဖြင့် စတင်သည်။ ခရီးတာ ၂၅၁ ကီလိုမီတာအထိ သွားနိုင်ပါသည်။

လီသီယမ်-အိုင်းယွန်း  ဘက်ထရီဗားရှင်းများတွင် အနိမ့်ဆုံးဈေးမှာ ယွမ် ၆၂,၈၀၀ ဖြစ်ပါသည်။ ခရီးတာ ၃၀၁ ကီလိုမီတာအထိ သွားနိုင်ပါသည်။


Source cnevpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 2682 times