ဂျပန်ကားလုပ်ငန်း ၇ ခု လျာထားချက် လျှော့ချ


ဂျပန်ကားလုပ်ငန်း ၇ ခု လျာထားချက် လျှော့ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Honda နှင့် Mazda ကဲ့သို့သော ဂျပန်ကားထုတ်လုပ်သည့်ကုမ္ပဏီများသည် ၂၀၂၂ ခုနှစ်အကုန်တွင် လေးလပတ်ရလဒ်ကောင်းများကို ကြေညာထားသော်လည်း အခြေအနေ မကောင်းသောနှစ်တစ်နှစ်ထဲသို့ ရောက်ရှိနေပါသည်။

လုပ်ငန်းလည်ပတ်မှုများနှင့် အဓိကစျေးကွက်များတွင် စားသုံးသူများ၏ ဝယ်လိုအားကို ဆိုးရွားစွာ ထိခိုက်စေသည့် ကိုရိုနာဗိုင်းရပ်ကူးစက်မှုဘေးဒုက္ခမှ မော်တော်ယာဉ်စက်မှုလုပ်ငန်းကဏ္ဍသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။ သို့သော် ချပ်စ်ပြတ်တောက်မှုများသည် ထုတ်လုပ်မှုကို ဆက်လက်ဒုက္ခပေးနေဆဲ ဖြစ်သည်။

ဂျပန်နိုင်ငံ၏ အဓိက ကားထုတ်လုပ်ရေးလုပ်ငန်း ၇ ခုအနက် ၆ ခုဖြစ်သည့် Honda Motor, Nissan Motor, Suzuki Motor, Subaru, Mazda Motor, Mitsubishi Motors တို့ သည်  အောက်တိုဘာလမှ ဒီဇင်ဘာလအထိ တတိယ ၃ လပတ်အတွင်း ယခင်နှစ် အလားတူသုံးလပတ်နှင့် နှိုင်းယှဉ်ပါက အသားတင်ဝင်ငွေ တိုးလာကြောင်း အစီရင်ခံကြသည်။
အကြီးဆုံးဖြစ်သည့် Toyota Motor သည် ယမန်နှစ်ထက် ၈% ကျဆင်းသွားကြောင်း ဖော်ပြခဲ့သည်။


အပြည့်အစုံဖတ်ရှုရန်
Toyota  အသားတင်အမြတ် ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့
https://www.automobiledirectory.com.mm/article/toyota-net-profit-drops.html


အဆိုပါ တတိယ ၃ လပတ်တွင် Mazda Motor က အသားတင်ဝင်ငွေ ယန်း ၁၇.၇ ဘီလီယံ(ကန်ဒေါ်လာ ၁၃၅ သန်း) ရရှိကြောင်း အစီရင်ခံသည်။
၎င်း ၃ လပတ်တွင် စီးရေ ၃၀၀,၀၀၀ ထုတ်လုပ်ခဲ့သည်။ တစ်နှစ်ခွဲကြာ ကာလအတွင်း စီးရေ အများဆုံး ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု  Mazda ၏ အကြီးတန်း အုပ်ချုပ်မှု အမှုဆောင်အရာရှိ Masahiro Moro က ပြောကြားသည်။
Moro က ကုမ္ပဏီသည် ရတာမလို လိုတာမရ ဖြစ်နေသည်ကို ဖြေရှင်းရန် ဒီဇိုင်းများကို ပြောင်းလဲခြင်းဖြင့် ဈေးကွက်တွင် ရရှိနိုင်သည့် ချစ်ပ်များကို အသုံးပြုလာနိုင်ပြီဟု Moro က ပြောကြားခဲ့သည်။ ယာဉ်များအတွက် အသုံးပြုနိုင်သော အစိတ်အပိုင်းများကိုလည်း ရယူသုံးစွဲခဲ့သည်။ သို့တိုင်အောင် ချစ်ပ်ဝယ်ယူရရှိရေးသည် ခက်ခဲနေဆဲဟု ပြောကြားသည်။

ဂျပန်ကားလုပ်ငန်းများသည် တစ်နှစ်တာ  လျာထားချက်များကို လျှော့ချပြီး လျာထားကြသည်။

Nissan သည်  တစ်နှစ်တာ ရောင်းအား ခန့်မှန်းချက်ကို အစီးရေ ၃ သိန်းလျှော့ချပြီး ၃.၄ သန်းဟု လျာထားသည်။ 

Mitsubishi က တစ်နှစ်တာ ရောင်းအားကို အစီးရေ ၉၀၈,၀၀၀ ဟု လျာထားခဲ့သည်ကို အစီးရေ ၈၈၆,၀၀၀ ဟု လျှော့ချလျာထားသည်။ ချစ်အပါအဝင် ပစ္စည်းပြတ်လပ်မှုများ ရှိနေဦးမည်ဟု မျှော်လင့်ထားပြီး ကားတင်သင်္ဘော အလုံအလောက် အချိန်မီ မရသည့် ပြဿနာလည်း ဆက်ရှိနေဦးမည်ဟု ဆိုသည်။

Honda က ၂၀၂၂ နိုဝင်ဘာလတွင် ကြေညာခဲ့သည့် ၎င်း၏ အစီအစဉ်ထက် အစီးရေ ၂၅၀,၀၀၀ လျှော့ချပြီး အစီးရေ ၃.၈၅ သန်း ရောင်းချရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

လုပ်ငန်းလည်ပတ်‌ေရး အမှုဆောင်နှင့်ဘဏ္ဍာရေးအကြီးအကဲ Eiji Fujimura က  "အမေရိကန်မှာ ရောင်းချတဲ့ ကျွန်တော်တို့ရဲ့ စျေးနှုန်းကြီးမြင့်တဲ့ ကားတွေမှာ ချစ်ပ်အမျိုးမျိုးကို သတ်မှတ်ပြဋ္ဌာန်းထားတဲ့အတိုင်း တပ်ဆင်ရပါတယ်။ ဒီတော့ ချစ်ပ်မရတဲ့ ပြဿနာက မြောက်အမေရိက ဈေးကွက် ထိခိုက်မှုက အာရှဈေးကွက်ထက် ပိုပြင်းထန်ပါတယ်" ဟု ပြောကြားသည်။ ဒုတိယ‌နှစ်ဝက်တွင် ချစ်ပ်ရရှိသည့် အခြေအနေ ပြန်ကောင်းလာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။
 Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1038 times