Toyota  အသားတင်အမြတ် ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့


Toyota  အသားတင်အမြတ် ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ချစ်ပ် ပြတ်တောက်မှုနှင့် ပစ္စည်းကုန်ကျစရိတ် မြင့်မားခြင်းတို့ကို Toyota Motor ဆက်လက်ရင်ဆိုင်နေရသည်။

မတ်လတွင်ကုန်ဆုံးသည့် လက်ရှိဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း အသားတင်အမြတ်ငွေမှာ ယန်း ၁.၈၉ ထရီလျံ (ဒေါ်လာ ၁၄.၄ ဘီလီယံ) ရှိကြောင်း Toyota Motor မှ ပြောကြားခဲ့သည်။ ယမန်နှစ် အလားတူကာလထက် ၁၈% လျော့ကျခဲ့သည်။

 
 ကမ္ဘာ့အရောင်းရဆုံး ကားထုတ်လုပ်သူ Toyota Motor သည် ၎င်း၏တစ်နှစ်တာ အသားတင်အမြတ်ငွေ ယန်း ၂.၄၆ ထရီလီယံ လျာထားချက်ကို မပြောင်းလဲဘဲ ဆက်လက်ထိန်းသိမ်းထားသည်။ သို့သော် ပစ္စည်းဖိုးများ မြင့်တက်သဖြင့် ကုန်ကျစရိတ် မြင့်တက်သည်ကို ကားဝယ်သူများအား ကျခံခိုင်းခြင်းအစား ကုမ္ပဏီမှ ကျခံသည့်အတွက်ကြောင့် ယန်း ၅၀ ဘီလီယံ လျော့နည်းမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။

တစ်နှစ်တာ ထုတ်လုပ်မှုစီးရေ လျာထားချက်ကို မူလလျာထားချက်ထက် စီးရေ ၆ သိန်းလျော့ချခဲ့ပြီး စီးရေ ၉.၁ သန်းဟု ‌ပြင်ဆင်သတ်မှတ်ခဲ့သည်။ သို့တိုင်အောင် ယခင်နှစ်များထက် ပိုများသော ပမာဏ ဖြစ်နေဆဲ ဖြစ်သည်။

ဧပြီလမှ ဒီဇင်ဘာလအတွင်း ထုတ်လုပ်မှုရလဒ်များအရ ကျန်ရှိသည့် ဇန်နဝါရီ-မတ် ၃ လပတ်တွင် စီးရေ ၂.၃ သန်းဝန်းကျင် ထုတ်လုပ်မှ လျညထားချက် ပြည့်မီမည်။ ယမန်နှစ် အလားတူ ၃ လပတ်တွင် စီးရေ ၂.၂ သန်း ထုတ်လုပ်ခဲ့ပါသည်။

ရောင်းအားကို စီးရေ ၉.၄ သန်း လျာထားသည်။ ဥရောပနှင့် အာရှတွင် ဝယ်လိုအား ကျဆင်းသော်လည်း ဂျပန်နှင့် အခြားဒေသများတွင် ဝယ်လိုအား မြင့်တက်မည်ဟု မျှော်လင့်ထားသည်။
ဧပြီလမှ ဒီဇင်ဘာလအတွင်း ကားအစီးရေ ၇.၂ သန်း ရောင်းချခဲ့သည်။ ယမန်နှစ် အလားတူကာလထက် ၀.၈% ပိုများသည်။

လျှပ်စစ်ကားစစ်စစ် စီးရေ ၂ သောင်း ရောင်းချခဲ့သည်။ ယမန်နှစ်ထက် ၁.၇ ဆ ပိုများသည်။

Toyota သည် ၎င်း၏ ပထမဆုံး လျှပ်စစ် Lexus မော်ဒယ် RZ  ကို ယခုနှစ်တွင် စတင်ရောင်းချမည်။ 
 
Source Asia Nikkei 
 

Read 533 times