ထိုင်းစွမ်းအင် ကုမ္ပဏီစုကြီး PTT အီးဗီဘက်ထရီထုပ်စက်ရုံ စတင်ထုတ်လုပ်


ထိုင်းစွမ်းအင် ကုမ္ပဏီစုကြီး PTT အီးဗီဘက်ထရီထုပ်စက်ရုံ စတင်ထုတ်လုပ်

o Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းနိုင်ငံရှိ Gotion High-tech ဖက်စပ်လုပ်ငန်း NV Gotion Co Ltd ၏ စက်ရုံသည် ဘက်ထရီထုပ် တပ်ဆင်မှုလိုင်းမှ ပထမဆုံး ဘက်ထရီထုပ်ကို စတင်ထုတ်လုပ်လိုက်သည်။

ဒီဇင်ဘာ ၇ ရက်တွင် ထိုင်း အလုပ်သမား နှစ်ဦးသည် စက်ရုံ၏ ပထမဆုံး ဘက်ထရီထုပ်ကို အပြီးသတ် လုပ်ကိုင်ခဲ့ကြသည်။

Volkswagen ကျောထောက်နောက်ခံပြုထားသော တရုတ်ပါဝါဘက်ထရီကုမ္ပဏီကြီးအတွက် နိုင်ငံတကာဈေးကွက်တွင် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်သည်။

ဘက်ထရီထုပ်သည် လစ်သီယမ်အိုင်ယွန်းဖော့စဖိတ် အမျိုးအစားဖြစ်ပြီး 38 kWh စွမ်းရည် ရှိသည်။ 

စက်ရုံမှ ထုတ်လုပ်သည့် ဘက်ထရီထုပ်များကို Neta Auto မှ ထုတ်လုပ်သည့် အီးဗီများတွင် အသုံးပြုမည် ဖြစ်သည်။ 
ယခုအခါ စမ်းသပ် ထုတ်လုပ်နေခြင်းဖြစ်ပြီး အမြောက်အမြား ထုတ်လုပ်ခြင်းကို နောက်နှစ်တွင် စတင်မည်။ 

ဘက်ထရီ စက်ရုံသည် ပထမအဆင့်အနေဖြင့် တစ်နှစ်လျှင် ဘက်ထရီထုပ်များ စုစုပေါင်း 2 GWh အထိ ထုတ်လုပ်မည်ဖြစ်ပြီး အနာဂတ်တွင် 8 GWh အထိ တိုးချဲ့သွားမည်ဟု NV Gotion ၏ စီအီးအို Sun Xiyi က ပြောကြားသည်။

Gotion သည် Neta အီးဗီအမှတ်တံဆိပ်ကို ပိုင်ဆိုင်သည့် Hozon New Energy Automobile နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပြုထားသည်။ Neta အီးဗီမော်ဒယ်များအတွက် ဘက်ထရီထုပ်များ ပေးသွင်းမည် ဖြစ်သည်။

 

 


၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် Gotion က ၎င်း၏ လက်အောက်ခံ Gotion Singapore သည် ထိုင်းနိုင်ငံ၏ Nuovo Plus Company Limited နှင့် ဖက်စပ်လုပ်ငန်း NV Gotion ကို ဖွဲ့စည်းရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။


Nuovo Plus Company Limited သည် ထိုင်းနိုင်ငံ၏ နိုင်ငံပိုင် အကြီးဆုံး စွမ်းအင်နှင့် ရေနံဓာတုကုမ္ပဏီစုကြီး PTT Group ၏ လက်အောက်ခံ လုပ်ငန်းဖြစ်ပါသည်။ 

ဖက်စပ်လုပ်ငန်းတွင် ကနဦးမှတ်ပုံတင်မတည်ရင်းနှီးငွေ ဘတ်သန်း ၃၀၀ (ဒေါ်လာ ၈.၅ သန်း) ရင်းနှီးမြှုပ်နှံထားသည်။

Gotion Singapore က ၄၉% ပိုင်ဆိုင်ပြီး Nuovo က ၅၁% ပိုင်ဆိုင်သည်။

စက်ရုံ စတင်ဆောက်လုပ်ခဲ့ပြီး ၁၁ လအကြာတွင် ပထမဆုံး ဘက်ထရီထုပ်ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။


နိုဝင်ဘာလ ၃၀ ရက်တွင်  Neta သည် ထိုင်းနိုင်ငံရှိ ၎င်း၏ကားစက်ရုံတွင် အီးဗီ စတင်ထုတ်လုပ်နေပြီဟု ကြေညာခဲ့သည်။


ထိုင်းမှ နက်တာ အီးဗီစက်ရုံ ထုတ်လုပ်မှု စတင်
https://www.automobiledirectory.com.mm/article/neta-thailand-plant-starts-production.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


Source cnevpost 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 1427 times