ထိုင်းမှ နက်တာ အီးဗီစက်ရုံ ထုတ်လုပ်မှု စတင်


ထိုင်းမှ နက်တာ အီးဗီစက်ရုံ ထုတ်လုပ်မှု စတင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းနိုင်ငံတွင် Hozon Auto ၏အမှတ်တံဆိပ် Neta ၏ ပထမဆုံး ပြည်ပစက်ရုံမှာ  နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်လုပ်မှု စတင်ခဲ့ပါသည်။

တရုတ်နိုင်ငံတွင် လက်ယာကပ်မောင်းစနစ် ကျင့်သုံးသဖြင့် ဝဲဘက်မှာ စတီယာရင် ထားပြီး ထုတ်လုပ်သော်လည်း ထိုင်းတွင် လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးသည့်အတွက် ယာဘက်မှာ စတီယာရင် ထားပြီး ထုတ်လုပ်ပါသည်။ မလေးရှား၊ စင်ကာပူ အစရှိသည့် လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးသော နိုင်ငံများသို့ တင်ပို့ရန် ထိုင်းစက်ရုံမှာ ထုတ်လုပ်မည် ဖြစ်သည်။
ထိုင်းစက်ရုံသည် ထိုင်းနှင့် အာဆီယံနိုင်ငံ အချို့အတွက် ကားများ ထုတ်လုပ်ပေးမည် ဖြစ်ပြီး တနှစ်လျှင် အစီးရေ ၂ သောင်းအထိ ထုတ်လုပ်ပေးနိုင်ပါသည်။

လက်ရှိတွင် ထိုင်းစက်ရုံမှာ Neta Aya မော်ဒယ် တမျိုးတည်းသာ ထုတ်လုပ်ပါသည်။ Neta Aya  သည် တရုတ်ပြည်တွင် သုံးစွဲသည့် မော်ဒယ်အမည်ဖြစ်ပြီး ပြည်ပတွင်  Neta V-II မော်ဒယ်အမည်ဖြင့် ဈေးကွက် တင်ပါသည်။

 


ယခင်က ၂၀၂၄ ဇန်နဝါရီလတွင် စတင်ထုတ်လုပ်ရန် အချိန်ဇယား ရေးဆွဲခဲ့ပြီး ယခု ဆောလျင်စွာ ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် Neta သည် ၎င်း၏ ထိုင်းပြည်တွင်းမိတ်ဖက်ဖြစ်သော Bangchan General Assembly နှင့် ဖက်စပ်လုပ်ကိုင်သည့် ကားစက်ရုံတွင် Neta V-II SUV ကို စတင်ထုတ်လုပ်ခဲ့သည်။


ထိုင်းနိုင်ငံသို့ Neta V EV စီးရေ ၃,၆၀၀ ရောက်ရှိ
https://www.automobiledirectory.com.mm/article/neta-brand--v-ev.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

Neta ထိုင်းသို့ တရုတ်ပြည်မှာ ထုတ်လုပ်သည့် ကားများ တင်သွင်းရောင်းချလျက်ရှိရာ ၂၀၂၃ ခုနှစ် ပထမ ၁၀ လတွင် ၁၀,၅၆၅ စီး ရောင်းချခဲ့သည်။
 Neta သည် ထိုင်းနိုင်ငံတွင် နှစ်စဉ်ရောင်းအား အစီးရေ ၁၃,၀၀၀ အထိ ရည်မှန်းထားသည်။

 Neta V-II သည် မူလ Neta V ကို မွမ်းမံထားသော မော်ဒယ် ဖြစ်ပါသည်။
crossover အငယ်စား ဖြစ်ပြီး အတိုင်းအတာများမှာ
• အလျား 4070 mm
• အကျယ် 1690 mm
• အမြင့် 1540 mm
• ခါးအလျား 2420 mm

 ခရီးတာ 318 km နှင့် 401 km ဗားရှင်း ၂ မျိုး ထုတ်လုပ်ပါသည်။

Neta V-II ကို ထိုင်းတွင် ရောင်းချခြင်း မပြုရသေးပါ။ 

Neta သည် ပြည်ပသို့ အဓိကအားဖြင့်  V နှင့် Neta U တို့ကို   တင်ပို့သည်။ 
 
၂၀၂၄ ခုနှစ်တွင် Neta သည် စျေးကွက် ၅၀ ခုသို့ဝင်ရောက်ပြီး အစီးရေ ၁ သိန်းကျော် ရောင်းချဖို့ ရည်မှန်းထားပါသည်။
Source: Neta
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1184 times