ချစ်သူအတွက် မွေးနေ့လက်ဆောင်ပန်းရောင်တောက်တောက် Porsche


 

ချစ်သူအတွက် မွေးနေ့လက်ဆောင် Porsche convertible 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ နေထိုင်သူ အမျိုးသမီးငယ်တစ်ဦးကို ချစ်သူက စနေနေ့ (ဒီဇင်ဘာ ၃) တွင် ပန်းရောင်တောက်တောက် Porsche 718 Spyder ဖြင့် အံ့အားသင့်စေခဲ့ပါတယ်။ 

 ပန်းရောင်တောက်တောက် Porsche ကို မောင်းချင်တယ်လို့ သူမက နောက်ပြောင်ကျီစယ်တဲ့ စကားအဖြစ် ပြောဆိုခဲ့တာသာ ဖြစ်တယ်လို့ သူမက Worldofbuzz  မီဒီယာကို ပြောကြားခဲ့ပါတယ်။ 

"လွန်ခဲ့တဲ့လအနည်းငယ်က ကျွန်မချစ်သူနဲ့ စကားစမြည်ပြောရင်း ဈေးကြီးတဲ့ စူပါကားတစ်စီးနဲ့ ပတ်သက်ပြီး နောက်ပြောင်ပြောဆိုခဲ့တာပါ" လို့ သူမ ပြောကြားပါတယ်။ 

ဒါပေမဲ့ သူမရဲ့ ချစ်သူက သူမစကားကို အလေးအနက် ထားခဲ့ပါတယ်။ 

သူမကို အံ့ဩသွားရအောင် လုပ်ဖို့ သူမရဲ့ မွေးနေ့မှာ လက်ဆောင်အဖြစ် သူစိတ်တိုင်းကျ မှာကြားထားတဲ့ Porsche 718 Spyder ကို ပေးပို့စေခဲ့ပါတယ်။ 

အခုလို Porsche ကို လက်ဆောင်အဖြစ်ပေးရင် သုံးလေ့သုံးထရှိတဲ့ မှန်အကြည်ကာထားတဲ့ ကုန်တင်ကားကို အသုံးပြုပြီး အိမ်စီးပြိုင်ကားကို ပေးပို့ခဲ့ပါတယ်။ အထဲမှာ ပန်းနုရောင်အသည်းပုံ ပူစီဖောင်းများဖြင့် အလှဆင်ပေးထားပါတယ်။ "Happy Birthday" စာသားကိုလည်း ဖော်ပြပေးထားပါတယ်။ 

မွေးနေ့ရှင်ရဲ့ ဝမ်းသာပျော်ရွှင်မှုကို ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။ 

 

မွေးနေ့လက်ဆောင် အိမ်စီးပြိုင်ကား  Porsche 718 Spyder တင်ဆောင်လာတဲ့ ထရပ်ကားကို လမ်းမှာ မွေးနေ့ရှင်က လှမ်းတွေ့ပါတယ်။ သူမရဲ့ မိန်းကလေးသူငယ်ချင်းတစ်ဦးနှင့်အတူ ညဘက် အပြင်ထွက်ရင်း လမ်းမှာ ထရပ်ကားနဲ့ ဆုံမိတာ ဖြစ်ပါတယ်။ 

"ကျွန်မတို့က ယာဉ်ကြောပိတ်မိနေတုန်း မှန်အကြည်ကာ ထရပ်ကားတစ်စီး ဖြတ်သွားတာ လှမ်းတွေ့လိုက်တယ်" လို့ သူမက ပြောပါတယ်။ 

နောက်တော့မှ သူမအတွက် လက်ဆောင်ကားကို သယ်လာတဲ့ ထရပ်ကားဆိုတာ သိခဲ့ရပါတယ်။ 

အပျော်အပြက် ပြောဆိုခဲ့တာ လအတန်ကြာပြီးချိန်မှာ တကယ်ဖြစ်လာလိမ့်မယ်လို့ သူမ လုံးဝ မထင်ထားကြောင်းလည်း သူမက ပြောကြားပါတယ်။ 

မကြာသေးခင်ကလည်း မလေးရှားနိုင်ငံ ဂျိူဟိုးဘာရူမှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦး အဝါရောင် Porsche 718 Cayman ကို မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့တာကို Myanmar Automobile Guide မှာ ဖော်ပြခဲ့ဖူးပါတယ်။ 


မွေးနေ့လက်ဆောင်အတွက် မလေးရှားနိုင်ငံမှ Porsche  ဝန်ဆောင်မှု

https://www.automobiledirectory.com.mm/article/-porsche-bd-gift.html


မလေးရှားမှ ကားအရောင်းကိုယ်စားလှယ်တစ်ဦးက ကားလက်ဆောင်ကို မှန်အကြည်ကာ ထရပ်ကားဖြင့် အိမ်တိုင်ရာရောက် ပေးပို့တဲ့ ဓလေ့ကို တရုတ်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့ပြီး ယခုအခါ မလေးရှားနိုင်ငံမှာ အသုံးပြုလာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

 

Source Asiaone

Read 350 times