မွေးနေ့လက်ဆောင်အတွက် မလေးရှားနိုင်ငံမှ Porsche  ဝန်ဆောင်မှု


မွေးနေ့လက်ဆောင်အတွက် မလေးရှားနိုင်ငံမှ Porsche  ဝန်ဆောင်မှု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

စင်ကာပူနယ်စပ်အနီး မလေးရှား ဂျိုဟိုးမှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက ၂၁ နှစ်မြောက် မွေးနေ့အတွက် ဖခင်ဖြစ်သူထံမှာ Porsche ကားအသစ်တစ်စီး မွေးနေ့လက်ဆောင် ရရှိခဲ့ပါတယ်။ ဖခင်က အရွယ်ရောက်တဲ့အခါ Porsche ကား အသစ်တစ်စီး ဝယ်ပေးမယ်လို့ သမီးကို ကတိပေးထားလို့ ကတိတည်တဲ့အနေဖြင့် Porsche ကား အသစ်တစ်စီးကို မွေးနေ့လက်ဆောင်အဖြစ် လက်ဆောင်ပေးခဲ့ပါတယ်။
Porsche က အိမ်တိုင်ယာရောက် ကားအသစ်ကို ပို့ပေးဖို့ ဝန်ဆောင်မှု ပေးအပ်ခဲ့ပါတယ်။
ထူးထူးခြားြခား ဖြစ်အောင် ထွင်းဖောက်မြင်ရတဲ့ ထရပ်ကားနောက်တွဲ စီစဉ်ပြီး ပို့ပေးခဲ့ပါတယ်။ မီးအလှဆင်ထားတာ မြင်သာအောင် ညဘက် မှောင်နေချိန်မှာ ပို့ပေးပါတယ်။ ည ၈ နာရီမှာ မွေးနေ့ရှင်ထံ ရောက်ရှိပါတယ်။ 

ပူဖောင်းများဖြင့် အလှဆင်ထားပြီး ပတ်ပတ်လည်တွင် LED မီးများပါရှိသော တောက်ပပြီး စွဲမက်ဖွယ်ကောင်းသော နောက်တွဲကို မြင်သူတိုင်း ငေးကြည့်မိကြစေပါတယ်။

မွေးနေ့ဆုတောင်းကို မန်ဒါရင် တရုတ်ဘာသာဖြင့် ဖော်ပြပေးထားပါတယ်။

သမီးအတွက် ဖခင်နှင် မိခင်တို့က ၂၁ နှစ်မြောက် မွေးနေ့လက်ဆောင်အဖြစ် အိမ်စီးပြိုင်ကား Porsche ကို ဝယ်ပေးတာဖြစ်ကြောင်း မိခင်က သတင်းမီဒီယာ အင်တာဗျူးမှာ ဖြေကြားပါတယ်။ သမီးဖြစ်သူ အသက် ၂၁ နှစ်ပြည့်ရင် အိမ်စီးပြိုင်ကား ဝယ်ပေးမယ်လို့ ဖခင်က ကတိပေးထားကြောင်း သူမက ရှင်းပြပါတယ်။
မွေးနေ့လက်ဆောင်အတွက် ကားဝယ်ပေးဖို့ အရောင်းပြခန်းများကို လိုက်လံကြည့်ရှုခဲ့ကြပြီး Porsche ကို ဝယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
၂၁ နှစ်ပြည့်ပြီးရင် အိမ်စီးပြိုင်ကား ရမယ်ဆိုတာ သမီးက သိထားပေမဲ့ ဘယ် brand  ကို ဝယ်ပေးမှာလဲဆိုတာတော့ မသိဘူးလို့ မိခင်ဖြစ်သူက ပြောကြားပါတယ်။
"ကျွန်မတို့သမီးအတွက် Porsche အိမ်စီးပြိုင်ကားက အလွန်လှပတင့်တယ်ပြီး သင့်လျော်တယ်လို့ ထင်တာကြောင့် ဝယ်ဖြစ်သွားပါတယ်။ လက်ဆောင်ပေးအပ်ဖို့ အထူးတလည်နည်းလမ်းကို စီစဉ်ခဲ့ပါတယ်" ဟု သူမက ပြောပြသည်။
Source : mustsharenews

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1087 times