တရုတ်ဈေးကွက်ထဲ ပြည်ပကား အမှတ်တံဆိပ်များ ပြန်လည်ကြီးစိုးနိုင်ဖို့ ကြိုးပမ်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Toyota နှင့် Volkswagen တို့ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများသည် ရှန်ဟိုင်းမော်တော်ကားပြပွဲတွင် မော်ဒယ်အသစ်များ ပြသခဲ့ကြသည်။တရုတ်ပြည်အတွက် ထုတ်လုပ်ထားသော မော်ဒယ်များ၊ အီးဗီ မော်ဒယ်များဖြင့် ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်မှာ ယှဉ်ပြိုင်ကြသည်။
တစ်ချိန်တစ်ခါက အစဉ်အလာရှိသည့် ပြည်ပ ကားအမှတ်တံဆိပ်များသည် တရုတ်ကားဈေးကွက်ကို ကြီးစိုးထားခဲ့ကြသည်။ ယခုအခါ ရေစီးကြောင်း ပြောင်းသွားသည်။ ကစားပွဲက အရွေ့မြန်သည်။ ပြည်တွင်းကားအမှတ်တံဆိပ်များက အသာရလာကြသည်။ အစဉ်အလာရှိသည့် ပြည်ပ ကားအမှတ်တံဆိပ်များသည် နောက်ကျကျန်ရစ်သည်။
Volkswagen ID.7 Vizzion
Volkswagen က ၂၀၂၆ မတိုင်ခင် အီးဗီမော်ဒယ် ၁၀ မျိူ ထုတ်လုပ်မည်။ မော်ဒယ်အသစ်ထုတ်ဖို့ ကြာမြင့်ချိန်ကို ၄၀% အထိ လျှော့ချပြီး အရွေ့မြန်ဆန်သည့် တရုတ်ကားအမှတ်တံဆိပ်များကို မီအောင်လိုက်မည်။
"ကျွန်တော်တို့ လက်ကိုင်ပြုတဲ့ မူက တရုတ်ပြည်အတွက် တရုတ်ပြည်မှာ မော်ဒယ်အသစ်တွေကို မိုင်ကုန်အမြန်နှုန်းဖြင့် ထုတ်လုပ်ပါမယ်" ဟု VW အိမ်စီးကား အမှတ်တံဆိပ်များအတွက် အရာရှိချုပ် Thomas Schafer က ပြောကြားသည်။
လျှပ်စစ်ကားများ ထုတ်လုပ်မှု နှေးနေသော Toyota က အီးဗီ မော်ဒယ် အသစ် နှစ်မျိုးကို ရှန်ဟိုင်းကားပြပွဲတွင် ပွဲထုတ်ခဲ့သည်။
Lexus-brand မီနီဗင် Luxury Mover ကိုလည်း ပြသသည်။ ဟိုက်ဘရစ်ဖြစ်ပြီး ယာဉ်မောင်းဝန်ထမ်း မောင်းပြီး အုံနာက ဇိမ်ကျကျ ထိုင်စ္းရမည့် ကားဒီဇိုင်း ဖြစ်သည်။ တရုတ်ပြည်မှ စည်းစိမ်ကား ဝယ်စီးသူတို့ နှစ်သက်ကြသည့် ဒီဇိုင်းဖြစ်သည်။
လူအများစု ဝယ်စီးကြသည့် ကားအတန်းအစားတွင် Toyota နှင့် VW တို့ brand နှစ်ခုစလုံး တရုတ်ပြည်တွင်းဈေးကွက်တွင် ယမန်နှစ်က ဈေးကွက်ဝေစု လျော့ကျခဲ့သည်။ ကားဝယ်သူတို့က အီးဗီနှင့် ပလပ်ထိုးဟိုက်ဘရစ်တို့ကို အဝယ်များကြသည်။ တရုတ်ကား brand များတွင် BYD က အရွေ့အမြန်ဆုံးဖြစ်ပြီး ဈေးကွက်ဦးဆောင်သူ ဖြစ်လာသည်။
ယခင်က ဈေးကွက်ကို ဦးဆောင်ခဲ့ကြသည့် VW နှင့် Toyota တို့ကို BYD ရောင်းအားက ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်တွင် ကျော်တက်သွားခဲ့သည်။
ဈေးချရောင်းသည့် ဈေးနှုန်းစစ်ပွဲကြားတွင် BYD က ဈေးသက်သာသည့် Seagull မော်ဒယ်အသစ်ကို ကားအငယ်စား ဈေးကွက်ထဲ မောင်းသွင်းလိုက်သည်။ ၎င်းဈေးကွက် အပိုင်းအကန့်တွင် Toyota က ကမ္ဘာ့အရောင်းရဆုံးကား Corolla ဖြင့် ကြီးစိုးထားသည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်သည်။
BYD က Seagull ကို $11,000 သာသာဖြင့် ဈေးဖွင့်သည်။
BYD ၏ အီးဗီနည်းပညာ သုံးထားသော Toyota အီးဗီ bZ4X သည် $29,000 ကျော်သည်။
BMW သည် ယခုနှစ်ကုန်တွင် တရုတ်နိုင်ငံ၌ EV မော်ဒယ် ၁၁ မျိုးကို မိတ်ဆက်ရန် စီစဉ်ထားသည်။ တရုတ်ပြည်မှ ကားစီးသူတို့ နှစ်သက်လိုလားသည်များ ထည့်ပေးထားသည်။ i7 ဆီဒင်မော်ဒယ်တွင် နောက်ထိုင်ခုံမှာ လိုက်ပါသူတို့အတွက် ဖျော်ဖြေရေးစနစ်ပါသည်။
Tesla သည် မော်ဒယ်အသစ်များ ထုတ်လုပ်ခြင်း မရှိသေးချေ။ ရှန်ဟိုင်းကားပြပွဲတွင် ပါဝင်ပြသခြင်း မပြုချေ။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U