Volkswagen တရုတ်ပြည်တွင် 100%TechCo ကုမ္ပဏီအသစ် ထူထောင်


Volkswagen တရုတ်ပြည်တွင် 100%TechCo ကုမ္ပဏီအသစ် ထူထောင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


Volkswagen သည်  ရှန်ဟိုင်း မော်တော်ကားပြပွဲတွင် လျှပ်စစ်ကားဖွံ့ဖြိုးတိုးတက်ရေးနှင့် Hefei မှ စီးပွားရေးစင်တာတစ်ခုတို့အတွက် ယူရို ၁ ဘီလီယံ (ကန်ဒေါ်လာ ၁.၁ ဘီလီယံခန့်) ရင်းနှီးမြုပ်နှံကြောင်း ကြေညာသည်။
Hefei သည်  ရှန်ဟိုင်းမြို့အနီး တည်ရှိပြီး Nio နှင့် အခြားကားလုပ်ငန်းများ၏ ရုံးများ ရှိသည့် မော်တော်ယာဉ်ကဏ္ဍ အချက်အချာ ဖြစ်လာသည့် မြို့ကြီးတစ်ခု ဖြစ်သည်။
  
ယခုနှစ်နှောင်းပိုင်းတွင် တရုတ်နှင့် ဥရောပ၌ စတင်ရောင်းချမည့် ID.7 ဆီဒင်အသစ်ကိုလည်း ပြသသည်။ မြောက်အမေရိကဈေးကွက်ကို နောက်နှစ်မှာ စတင်ရောင်းချဖို့ လျာထားသည်။
ဈေးနှုန်းကို ပြောကြားခြင်း မရှိသေးပါ။ လူလတ်တန်းစား အထက်လွှာအတွက် ရည်ရွယ်သည်ဟုသာ ပြောကြားပါသည်။
  
 

Volkswagen ID.7 

 

Volkswagen က ဈေးအမြင့်တန်းအတွက် ကားများ ထုတ်လုပ်ရန် စီစဉ်ထားသည်။


Hefei မှ စီးပွားရေးစင်တာအသစ်သည် Volkswagen က ထူထောင်မည့် ကုမ္ပဏီအသစ် “100%TechCo” အတွက် ဖြစ်သည်။ ၂၀၂၄ တွင် ဝန်ထမ်းအင်အား ၂,၀၀၀ ကျော်ဖြင့် စတင်မည်ဟု Volkswagen ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“100%TechCo” ကုမ္ပဏီအသစ်၏ စီအီးအိုမှာ လက်ရှိ တရုတ်နိုင်ငံအတွက် နည်းပညာအရာရှိချုပ် Marcus Hafkemeyer ဖြစ်ပါသည်။

ကားထုတ်လုပ်မှု ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် အစောပိုင်းတွင် ပစ္စည်းပေးသွင်းသူများနှင့် ကိစ္စအဝဝ လုပ်ကိုင်မည် ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံရှိ Volkswagen ၏ ဖက်စပ်လုပ်ငန်း ၃ ခုကို ပေါင်းစပ်ပေးခြင်းဖြင့် 100%TechCo သည် ကားထုတ်လုပ်မှု ဖွံ့ဖြိုးရေးနှင့် နည်းပညာဖွံ့ဖြိုးရေးတို့အတွက် အချိန် ၃၀% ခန့် လျှော့ချပေးမည်ဖြစ်သည်။

တရုတ်ဈေးကွက်အတွက် ကားများကို တရုတ်ပြည်တွင် ထုတ်လုပ်မည်။

ဥရောပနှင့် မြောက်အမေရိကတို့အတွက်  ဂျာမနီတွင် ထုတ်လုပ်မည်ဟု Volkswagen က ပြောကြားသည်။
Source cnbc

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 183 times