Nissan နှင့် Renault  အိန္ဒိယတွင် မော်ဒယ်အသစ်များ ထုတ်လုပ်ရန် ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှပ်နှံ


Nissan နှင့် Renault  အိန္ဒိယတွင် မော်ဒယ်အသစ်များ ထုတ်လုပ်ရန် ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှပ်နှံ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဂျပန်နိုင်ငံမှ Nissan နှင့် ပြင်သစ်နိုင်ငံမှ Renault တို့သည် ကမ္ဘာ့တတိယအကြီးမားဆုံး ကားဈေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် မော်ဒယ်အသစ်များ ထုတ်လုပ်ရန်အတွက် ကန်ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှပ်နှံရန် စီစဉ်ထားကြောင်း Nissan နင့် Renault တို့က ၂၀၂၃ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

မော်ဒယ်အသစ် ၆ မျိုး ထုတ်လုပ်မည့် စီမံကိန်းကို  အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့ရှိ ၎င်းတို့၏ အခြေစိုက်စက်ရုံတွင် လုပ်ဆောင်မည် ဖြစ်သည်။ ၎င်းစက်ရုံကို ပြည်ပဈေးကွက်များအတွက် မော်တော်ယာဉ်များ ထုတ်လုပ်သည့် အချက်အချာ အဖြစ် အသုံးပြုမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
Nissan မော်ဒယ် အသစ် ၃ မျိုးနင့် Renault မော်ဒယ် အသစ် ၃ မျိုး ထုတ်လုပ်မည် ဖြစ်သည်။


ဆက်စပ်ဖတ်ရှုရန်
Nissan နှင့် Renault မဟာမိတ် ပြန်လည်ပြင်ဆင်ချိန်ညှိမှု သဘောတူညီချက်များ ရရှိ

https://www.automobiledirectory.com.mm/article/nissan-renault-agreement.html


ပလက်ဖောင်းတစ်ခုတည်းဖြင့် အဆိုပါမော်ဒယ် ၆ မျိုး ထုတ်လုပ်မည်။ အိန္ဒိယပြည်တွင်းဈေးကွက်အတွက်သာမက ပြည်ပတင်ပို့ရန်အတွက်လည်း ထုတ်လုပ်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မော်ဒယ်အသစ် ၆ မျိုးတွင် လျှပ်စစ်ကားမော်ဒယ် ၂ မျိုး ပါဝင်မည်။ Nissan နင့် Renault တို့အဖို့ အိန္ဒိယနိုင်ငံမှာ အဦးဆုံး ထုတ်လုပ်မည့် အီးဗီများ ဖြစ်သည်။ ကျန်သည့် ၄ မျိုးမှာ sports utility vehicle (SUV) မော်ဒယ်များ ဖြစ်သည်။

Nissan နင့် Renault တို့သည် လက်တင်အမေရိက၊ အိန္ဒိယနှင့် ဥရောပတို့တွင် ပူးတွဲစီမံကိန်းများကို လုပ်ဆောင်သွားကြမည် ဖြစ်သည်။
Source Reuters
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 257 times