တရုတ်နိုင်ငံအတွက် အီးဗီ အသစ် Nissan ပြသ


တရုတ်နိုင်ငံအတွက် အီးဗီ အသစ် Nissan ပြသ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Nissan Arizon


ရှန်ဟိုင်းမော်တော်ကားပြပွဲ 20th Shanghai International Automobile Industry Exhibition တွင် ဂျပန်နိုင်ငံမှ Nissan Motor သည် လျှပ်စစ် SUV အသစ်ကို  ပြသထားသည်။
 
 တရုတ်နိုင်ငံသည် Nissan ၏ အဓိက စျေးကွက်ဖြစ်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း အခြားသော ပြည်ပ မော်တော်ကားထုတ်လုပ်သူများကဲ့သို့ပင် ပြည်တွင်းမော်တော်ကားကုမ္ပဏီများ ဈေးကွက်ဝေစု မြင်ြတက်လာခြင်းကြောင့် Nissan ၏ စျေးကွက်ဝေစု ကျဆင်းသည့်အရေးကို ရင်ဆိုင်နေရသည်။
 
 Nissan သည် တရုတ်ဈေးကွက်အတွက် အထူးရည်ရွယ်ထုတ်လုပ်ထားသည့် အီးဗီကို မိတ်ဆက်ရန် စီစဉ်နေကြောင်း Nissan ၏ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အရာရှိချုပ် Ashwani Gupta က အဆိုပါပြပွဲ၌ ပြောကြားခဲ့သည်။

"တရုတ်နိုင်ငံဟာ လျှပ်စစ်ကားကို ခေတ်‌ရဲ့ ကားအဖြစ် လက်ခံတဲ့အဆင့်ကို ရောက်နေပါပြီ။ အဲဒီ အခွင့်အလမ်းကို Nissan  လက်လွတ်မခံချင်ပါဘူး" ဟု Gupta က ပြောကြားသည်။
မော်ဒယ်အသစ်ကို Arizon ဟု အမည်ပေးထားသည်။ Eporo ဟု အမည်ပေးထားသည် တစ်ကိုယ်ရေဆိုင်ရာ အထောက်အကူ ပါဝင်သည်။

 Nissan Leaf ဖြင့် ကမ္ဘာ့လျှပ်စစ်ကားစျေးကွက်တွင် ရှေ့ဆောင်တစ်ဦးဖြစ်ခဲ့ဖူးသော Nissan သည် Tesla Inc ထံ သရဖူ ပေးလိုက်ရသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။
 
Nissan သည် ၂၀၃၀ မတိုင်ခင် ဘက်ထရီသုံး အီးဗီ မော်ဒယ် ၁၉ မျိုး ထုတ်လုပ်ရန် ရည်မှန်းထားသည်။ Ariya crossover ကို အရင်ဆုံး ထုတ်လုပ်မည် ဖြစ်သည်။


ကားကုမ္ပဏီများ ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြမည့် ရှန်ဟိုင်း ကားပြပွဲ 

https://www.automobiledirectory.com.mm/article/20th-shanghai-international-automobile-industry-exhibition.html


 

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 238 times